ဝါးတရာရှိတော်ဝင်မိသားစုသစ်အချောထည်စက်ရုံမှာဝန်ထမ်းများအား (၁၇.၁၂.၂၀၁၂)(တနင်္လာနေ့) တွင်အလုပ်စတင်ဆင်းစေခဲ့ပါသည်။ သို့သော် ထိုအလုပ်ဆင်းရက်များတွင် အလုပ်သမားများသည် အလုပ်ပုံမှန်တက်/ဆင်းမပြုကြပါ။ လုပ်ငန်းခွင်ကိုလာကြသော်လည်း အလုပ်ကိုသေချာစွာမလုပ်ဆောင်ပဲ စနေနေ့အထိသာ အလုပ်ဆင်းကြပါသည်။
အခင်းဖြစ်ပွားသည့်နေ့(၂၄.၁၂.၂၀၁၂)(တနင်္လာနေ့)တွင် လုပ်ငန်းခွင်စည်းကမ်းချက်များချပေး သည့်အခါ အလုပ်သမားများမှ မကျေနပ်ကြ၍ စက်ရုံ၏ Main ဂိတ်အရှေ့တွင် လူအင်အား (၁၅၀)ကျော်ဖြင့် စုရုံးမှုများပြုလုပ်ခဲ့ပါသည်။
ထိုလူများသည်(၁၁:၃၀)နာရီ ၀န်ထမ်း/လုပ်သားများ ထမင်းစားထွက်သည့်အချိန်၌ ခြံစည်းရိုးများကို ဖြတ်ကျော်ကာ Main တံခါးအား ထိုလူအုပ်စုဖြင့် တွန်းဖြတ်ပြီး သတ်မည် ဖြတ်မည်ဟုဆိုကာ စက်ရုံအတွင်းသို့ ၀င်ရောက်လာခဲ့ကြပါသည်။ စက်ရုံအတွင်း၌ အုပ်စုခွဲ၍ ကားများအား ရိုက်ခွဲခြင်း၊ မှန်များအားရိုက်ခွဲခြင်း၊ ရုံးခန်းများအား ဖျက်ဆီးခြင်းများပြု လုပ်ခဲ့ပါသည်။


ထို့နောက် စက်ရုံရှိဒါရိုက်တာအား တစ်ခန်းဝင်တစ်ခန်းထွက်ရုံးခန်းများ ကိုဖျက်ဆီး၍လိုက်လံ ရှာဖွေခဲ့ပါသည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး စက်ရုံမှူးမှ ရွှေပြည်သာ (လှော်ကား) ရဲစခန်းတွင် အမှုဖွင့်ထားပါသည်။
















No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်