Friday, 28 December 2012
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ သဘောထား ကြေညာချက် (၂ / ၂၀၁၂)
ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင်အို ၊ ကေအိုင်အေတို့အကြား တိုက်ပွဲ ဖြစ်ပွား နေသည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲများကြောင့် ဒေသခံရှမ်း ၊ ကချင် ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိနေပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ် များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသများတွင် ဖြစ်သလို နေထိုင် စားသောက် နေကြ ရပါသည်။
ကေအိုင်အေ တပ်ဖွဲ့ဝင်များသည် မီးရထား၊ လမ်းတံတား များကို ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှမ်းနီ လူမျိုးများ ထံမှ ဆက်ကြေးများ ကောက်ခံခြင်း၊ စစ်သားများ အဖြစ် အဓမ္မ စုဆောင်းခြင်း၊ တိုက်ပွဲ များတွင် လူသားဒိုင်း အဖြစ် အသုံးချခြင်း၊ တပ်မတော်မှ ရှမ်းရွာသားများ အပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများ အနီး မိုင်းထောင် ဖောက်ခွဲခြင်း၊ ရှမ်းအမျိုးသမီး များအား မုဒိမ်းကျင့်ခြင်း စသည်ဖြင့် အနိုင်ကျင့် နှိပ်စက်လျက် ရှိပါသည်။
ဤဒေသ အတွင်းရှိ ရှမ်းနီ ပြည်သူများသည် မိမိ တို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်နေသော ကေအိုင်အေ တို့၏ အပြုအမူ များအား စက်ဆုပ်ရွံရှာ နေကြပြီ ဖြစ်ပါသည်။ထို့အပြင် စစ်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အလျင်အမြန်ရရှိရန်သာ ဆန္ဒပြင်းပြနေကြ ပါသည်။သို့ဖြစ်ပါ၍ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ အောက်ပါ အတိုင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။
(၁) ဤဒေသ အတွင်းနေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း တစ်ဦး အပေါ် တစ်ဦး လူညွန့်ခူး ခေါင်းပုံဖြတ်ခြင်းကို လက်မခံပါ။
(၂) လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ် ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။
(၃) ကချင်ပြည်နယ်အတွင်း စစ်ပွဲများအမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေး ကြရန် တောင်းဆိုသည်။
(၄) ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် ဒေသခံရှမ်းနီ
ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိမှသာ အောင်မြင်နိုင်မည်ဟု ယုံကြည် သည်။
The Voice Weekly
အမျိုးအစာ
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်