Pages

Wednesday, 26 December 2012

ပါကင်မှာ အဆင်ပြေမည့်ကားမျိုး ဂျပန်ကျောင်းသားတို့တီထွင်


ဂျပန် ဟီရိုချီးမား တက္ကသိုလ်က အင်ဂျင်နေယာ ကျောင်းသားများ ဖန်တီးတဲ့ ကား ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဆိုတာ အများစု သိထားတဲ့အတိုင်း လမ်းကျဉ်း၊ အိမ်ကျဉ်း တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်ကြီးကြီး၊ ခါးရှည်ရှည်ကား ဆို တော် ရုံလူ ဝယ်မစီး ပါဘူး။ အကွေ့မှာ ခက်ခဲသလို၊ ပါကင်ထိုးဖို့ဆို စဉ်းစားလို့ကို မရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါကို ဖြေရှင်း ဖို့ ဈေးသက်သာ ကား တစ်မျိုးကို ဂျပန်ကျောင်းသားတို့ စမ်းသပ် တီထွင် ထားပါတယ်။


တစ်နာရီ ၅၀ ကီလိုမီတာ သာ မောင်းနှင်နိုင်သေးတဲ့ အစမ်းမော်ဒယ် ဖြစ် ပါတယ်။ လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့ သုံးဘီးကား ဖြစ်ပါတယ်။ ပတ် ပတ်လည်ကို လေအိတ်တွေချည်းနဲ့သာ ဖုံးအုပ် ထားပြီး တစ်ခုခုကို တိုက်တော့မယ်ဆို အလိုအလျောက် ရပ်ပါတယ်။ ဒီအတွက် ကြားမှ အရှိန် ယူစဉ် ပတ်ပတ်လည် လေအိတ်က အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူကို ဝင်တိုက်ရင်တောင် လေအိတ်က အလုပ်လုပ် တဲ့အတွက် ဘာမှ မထိ ခိုက်ပါဘူး။

ပါကင်ထိုးမယ်ဆိုရင်လည်း လေအိတ်တွေချည်းနဲ့သာ ပွတ်တိုက်ရမှာ ဖြစ်တဲ့ အတွက် အဆင်ပြေသလို တောင် ပါကင်ထိုးနိုင်ပါတယ်။ ယင်းကားကို iSAVE-SC1 လို့ အမည်ပေးထားပါတယ်။ အောက်ပါ ဗီဒီယိုကို လေ့လာဖို့ ကား ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မြင်တွေ့ နိုင်ပါတယ်။


No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်