Wednesday, 5 December 2012
“မိဘသဖွယ် အစိုးရ၊ သံဃာတော်တွေက သားသမီးတွေ”
ကျွန်တော်ကတော့ မိဘနဲ့ သားသမီးတွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စလို့ ဘဲမြင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ အုပ်ချုပ်တဲ့အစိုးရဆိုတာ အဖွဲ့ ကြီးတစ်ခုလုံးဆိုတာ ကျွန်တော်တို့ ရဲ့  မိဘတွေလိုပါဘဲ။ အဲ မိဘတွေက ဥပဒေတွေပြုထားတယ်၊ အဲဒီ ဥပဒေတွေနဲ့ ဘဲ ကျွန်တော်တို့ ကို
တတိုင်းတပြည်လုံး အုပ်ချုပ်တယ်။ အဲဒီဥပဒေတွေကို ပြည်သူ့ ရဲတပ်ဖွဲ့ ၊ပြည်ထဲရေးဌာနက အဲဒီဥပဒေတွေကို ကာကွယ်စောင့်ရှောက်တယ်။ဒါ တိုင်းပြည်တစ်ခုရဲ့ ဖွဲ့ စည်းတဲ့အခါမှာ အဲသလို ကျွန်တော်တို့  အဆင့်ဆင့်ဖွဲ့ စည်းပါတယ်။
အဲဒီတော့ ကျွန်တော်ငယ်ငယ်တုန်းက အရိုက်ခံရတာ သွားသတိရတယ်လေ။မိဘလုပ်တဲ့သူက ငါ့သား မင်းဒီနေရာ မသွားနဲ့ ၊ မင်းဒီနေရာသွားရင်အန္တရယ်များလို့  မသွားနဲ့ ကွာဆိုပြီး အဖေက ဆုံးမတာ၊ ကျွန်တော်ကတည့်တည့်သွားတယ်။ သွားတော့ ကျွန်တော့်ကို အဖေက အဲဒီမှာ အမှန်ကအက်ဆီးဒင့် ဖြစ်မှာစိုးလို့  ရေနစ်မှာစိုးလို့  ကျွန်တော် ဒီမှာ ကျွန်တော်တို့ နားကမြစ်ကမ်းနားကိုသွားတာ။ ကျွန်တော့် ကို ခြေထောက်သွေးပေါက်အောင်မှတ်လောက်အောင် ရိုက်တယ်လေ သူက။ ဒီသဘောတရားတွေ ဘဲပေါ့ဗျာ။တိုင်းပြည်တပြည်တစ်ခုကို အုပ်ချုပ်တဲ့အခါမှာ ပုဒ်မ ၁၄၄ ထုတ်ထားခဲ့တယ်ဆိုက တည်း ကိုက ဒီနေရာကို ဘာမှမသွားစေချင်လို့ ၊ ရေရှည်မှာလည်းပြဿနာတွေကိုမြင်လို့  ပုဒ်မ ၁၄၄ တားမြစ်ဧရိယာဆိုပြီးတော့ဆိုင်းဘုတ်အနီကြီးတွေနဲ့  ပြထားတယ်။
အဲဒီတော့ သားသမီးတွေကသွားပြီးတော့ ရှေ့ တိုးတဲ့အခါကျတော့ ဥပဒေကိုထိန်းသိမ်းရမယ့် သူတွေကလည်းထိန်းသိမ်းမှာဘဲ၊ အဲ ဥပဒေကို အဆင့်ဆင့်အကောင်အထည်ဖော်မယ့်
သူတွေကလည်း ဖော်မှာဘဲ။ အဲ ဒါတွေက ကျွန်တော်တို့ တိုင်းပြည်မှာဒီလိုမျိုးတွေ ဖြစ်စဉ်တွေဟာ ဖြစ်လာတာပေါ့နော်။
သားသမီးကလည်းဘဲ တုတ်ကို ခုန်တိုးတဲ့အခြေအနေမျိုးကိုလည်းဘဲလူ့ ဘ၀မှာ တခါတလေ ကြုံရပါတယ်ခင်ဗျ။ ပထမဆုံးက ကျွန်တော်တို့ အော်ပြီးတော့ ပြောတယ်။ မိုက်တွေနဲ့ ပြောတယ်၊ ဟုတ်လား၊ အလီလီ အလီလီပြောတယ်။ ပြောလို့ မရတဲ့အတွက်ကြောင့် နောက်တစ်ဆင့်တက်ပြီး လုပ်တယ်။အဲလိုမျိုး လုပ်စရာရှိတာတွေ လုပ်တဲ့အခါမှာ ဘာဘဲဖြစ်ဖြစ်ပေါ့ ဒါတွေတချိန်ချိန်မှာ မိဘက ဒါမလုပ်ပါနဲ့  လုပ်ဖို့ မလိုပါဘူး၊ မလုပ်ပါနဲ့ လို့  ပြောလို့ မိဘစကား နားထောင်လိုက်ရင် ဒီအဆင့်တွေ အထိ ရောက်လာမှာ မဟုတ်ဘူး။
အဲဒါကြောင့်မို့  ကျွန်တော်က မြင်တာက ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ သမ္မတကြီးနဲ့  ဒီအုပ်စိုးသူ အစိုးရ ဆိုတာက ဒီဖြစ်စဉ်မျိုးတွေ လိုလားမှာမဟုတ်ဘူးခင်ဗျ။ ဒါကတော့ ကျွန်တော်တို့  ဘယ်လို ဘဲ တွေးကြည့်တွေးကြည့်လိုလားမှာ မဟုတ်ဘူး။ ဖြစ်လာအောင် ဘယ်သူတွေက ဖန်တီးသလဲ
ဆိုတာ က လှုံ့ ဆော်သူတွေကြောင့်ဖြစ်လာတယ်။ လှုံ့ ဆော်သူ ဘယ်သူလဲဆိုတာကလည်း ကျွန်တော် တို့ တွေက တိမ်မြုပ်နေတဲ့ နောက်ကွယ်ကကြိုးကိုင်သူတွေ ဘယ်သူတွေလဲဆိုတာ တဖြည်း ဖြည်းဖော် ထုတ်မှဘဲရမယ့် အတိုင်းအတာရှိတော့ကာ ဒါတွေကလည်း အရှည်အရှည် မတွေးချင်ဘူး။
ဒါကြောင့်မို့  ဒီလိုလုပ်ရတယ်ဆိုတာကတော့။ ဥပမာ ပြောမယ်ဗျာ၊ ကျွန်တော်တို့ စစ်တပ်မှာ ဟုတ်လား၊ အမိနိုင်ငံကို ကာကွယ်ဖို့ အတွက် တိုက်ပွဲတွေဖြစ်တယ်။ကျွန်တော်တို့  ကျည်ဆန်တွေမှန် ပြီးတော့ သွေးပွက် ပွက်ကျပြီးတော့သေတယ်။ ခြေထောက်တွေ ပြတ်ပြီး သွေးပွက်ပွက် ကျပြီးတော့ သေတယ်။ကဲ အဲဒါတွေကျတော့ရော ဘယ်လိုပြောမလဲ။ ဒါ ဥပဒေကိုထိန်းသိမ်းတာဘဲ
မဟုတ်ဘူးလား။ အဲဒါကို ကျွန်တော်ဆိုလိုတာပါ။
(အာဏာရပါတီမှ ကော့မှူးမြို့ နယ်အမတ်နေရာ ၀င်ပြိုင်ခဲ့သူ ဒေါက်တာစိုးမင်း)
အမျိုးအစာ
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်