လိုင်ဇာ သူပုန်ဌာနချုပ်ကို သုံးဖက်သုံးတန်မှ
ထိုးစစ် သေးသေးလေး ဆင်တော့မည်။ အားတော့နာပါသည် မောင်ဂွမ်းမော်...ဒါပေသည့်
ကျွေးရတော့မည်။ တစ်ကယ်တော့ ဒီလို ထိုးစစ်လေး ဆိုတာ တစ်ကယ့် ကို ပါးပါးလေး
ပါပဲ။ သူပုန်အားပေး တဲ့ ကောင်တွေ မင်းတို့ သိအောင်ပြောမယ်.. ဂွမ်းမော် ၊
လနန် ၊ ဖွန်ကြောင် တို့  ချီးရောင်စုံ ပန်းနေကြပြီ တဲ့.....။
အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန်
စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက်သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု
ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။
“ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့
ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း -
ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း
ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို
စစ်ဆင်ရေးကြီးလုပ်မယ့် အနေအထားရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ
သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။
ဒေါ့ဖုန်းယန်း - ဗန်းမော်
လမ်းကြောင်း၌ အစိုးရတပ် အင်အား (၄၀၀) ခန့် ရောက်ရှိ နေကြကာ စုစည်းလျက်
ရှိသည်။ စတန်ပါ ဗျူဟာ လမ်းကြောင်း၌မူ အင်အား (၄၀၀) နီးပါးခန့် ရှိနိုင်
သည်ဟု ခန့်မှန်းပါသည်။ ဂန်တောင်ယန် - ဝိုင်းမော် လမ်းကြောင်း၌ စစ်ကား (၁၀)
စီးဖြင့် အင်အား (၂၀၀) ကျော်နှင့် လက်နက်ကြီးများ ရောက်ရှိနေသည်ဟု
ဆိုပါသည်။ ဤအင်အားသည် အနည်းဆုံး တပ်ရင်း (၈) ရင်းခန့် ရှိပါသည်။
ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးတပ်ရင်းများ (ကွန်မန်ဒို)
များလည်း ပါဝင်နေသလို ရဟတ်ယာဉ်များဖြင့် လေကြောင်း ပစ်ကူများ
ပိုမိုအသုံးပြုပြီး လက်နက်ကြီးများကို ယခင်ကထက် ပိုမိုအသုံးပြု ဖွယ်
ရှိနေပါသည်။
အစိုးရ၏ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်း
ပစ်ကူများသည် ရှေ့တန်းမြေပြင်ရှိ ခြေလျင်တပ်ဖွဲ့များ ရှေ့သို့
မတိုးနိုင်သည့် အခြေ အ နေ၌ ရှေ့တိုးနိုင်ရန်အတွက် KIA ခံစစ်ကြောင်း
ယူထားသည့် နေရာများကို အဓိကပစ်ကူပေးရန် ဖြစ်သည်ဟု ဆိုပါသည်။
“ဒီလို ပြင်ဆင်မှုတွေကိုကြည့်ရင် ဒါဟာ ကျွှန်တော်တို့ လိုင်ဇာကို စစ်ဆင်ရေး
လုပ်မယ့် အနေအထားလို့ တွက်လို့ရပါတယ်၊ ဒီနေရာမှာ သူတို့ကလက်နက်ကြီးနဲ့
လေကြောင်းပစ်ကူကို အဓိကထားပြီး ပြင်းပြင်းထန်ထန်ကို
အရင်တိုက်လာနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ သူတို့ထင် သလို
ဖြစ်ချင်မှဖြစ်မှာပါ” ဟု ဆိုပါသည်။
လက်ရှိအခြေအနေ၌
အစိုးရတပ်များသည် လိုင်ဇာဌာနချုပ် အနီးဆုံနေရာ အနီးသို့ အစိုးရတပ်များ
ချဉ်းကပ်ရောက်ရှိနေပြီး ဖြစ်သည့်အ တွက် ယခုရက်ပိုင်းများအတွင်း
တိုက်ပွဲကြီးများ ပြင်းထန်စွာ ထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု KIA မှ
တွက်ဆထားပါသည်။
Credit for this post to စစ်ငြိမ်းဦး။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်