Pages

Thursday, 13 December 2012

ဘာ ........


သမ္မတ ဦးသိန်းစိန် နုတ်ထွက်ပေးဖို့တောင်းဆိုရအောင် ဘယ်ခေါင်းဆောင်က ဒီလိုပြုပြင်ပြောင်းလဲလာမှု လုပ်နေတာရှိလို့လဲ ..... အေး သမ္မတ ဦးသိန်းစိန်ကိုလေးစားပြီး အားကိုးနေတဲ့သူတွေ ကလည်း တောင်ပုံ ရာပုံရှိတယ်ဆိုလာလည်း မမေ့နဲ့ .... ဒီလိုကစားကွက်မျိုးက ရိုးနေပါပြီ တစ်ကြိမ်းလည်း မဟုတ် နှစ်ကြမ် လည်းမဟုတ် မနက်ဖန်ဘဲ ပြည်ပျက်တော့မယ်အတိုင်း .... တောင်းဆိုမှုနဲ့ ပြဿနာဘယ်ကစလဲဆိုတာ ဘယ်သူတွေပါဝင်ပတ်သက်နေလဲ ဆိုတာ ပညာရှိလိုက်မေးနေစရာကိုမလိုအောင်တွက်တတ်နေကြပြီဟ

 ပြည်သူတွေလည်းစာတတ်ကုန်ကြပြီ .... အခုက မဖြစ်သင့်တာ နှစ်ဖက်လုံး လုံးဝမဖြစ်သင့်တာ မျိုးကိုလည်း နားလည်ထားကြသလို လမ်းထလျှောက်တတ်ခါစ ကလေးလေးလိုဘဲ ပထမဆုံးစလျှောက် တဲ့ ခြေလှမ်းလေးတွေ အဆင့်ဘဲရှိသေးတယ် ....

အားလုံးဝိုင်းဝန်းထိန်းသိမ်းပေးမှလည်း ရမယ်ဆိုတာလည်းနားလည်နေကြပြီ ... ဘာလို့ဆို .... ဒီလိုပြုပြင်ပြောင်းလဲရေးလုပ်လာတဲ့ ခေါင်းဆောင် အနှစ် (၄/၅)ဆယ်အတွင်းလောက်မှာကို မရှိခဲ့လို့ဘဲ .... နောက်ပြန်လှည့်မယ့်အရေးလည်း ဘယ်သူကမှ လက်မခံချင် မဖြစ်ချင်ကြတော့ဘူးဆိုတာ သဘောပေါက်ထားစေချင်တယ်..... နောက်ပြန်လှည့်လည်း အုပ်ချုပ်သူလည်း အုပ်ချုပ်ကိုင်တွယ် ရခက်သလို ပြည်သူအားလုံးနီးပါးကလည်း လမ်းပေါ်တက်မယ့်သူတွေမဟုတ်တော့ဘူး .... ၈ ပူးတုန်းကလို ကိစ္စမျိုး ဘယ်သူမှ မမြင်ချင်ကြတော့ဘူး ဆိုတာလည်း အသိစိတ်တွေရှိနေကြပြီ တော်တော်များများက .....လက်ရှိထက် ကာင်းမွန်တဲ့ အနာဂတ်ကို ကူးပြောင်းဖို့ ခုံမင်မက်မောနေကြလို့ပါဘဲ .....

တာရာ ပွကြီး

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်