Pages

Saturday, 1 December 2012

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း

အလုပ်သမားတွေအတွက် ကျုပ်ဘာလုပ်ပေးခဲ့တယ်ဆိုတာလဲ နည်းနည်းပါးပါး ပြောရဦးမယ်။ ဒလ၊ ဖူးကားသစ်စက် အစရှိတဲ့ သပိတ်တွေမှာ ကျုပ်တို့ ဖဆပလက ၀င်ကူခဲ့လို့ သူတို့ ဇာတ်မြောနေရာက အတော်အတန် ဟန်ကျသွားရတယ်မဟုတ်လား။

******


ဗြုံးဆို သပိတ် မှောက်ပစ်မယ်လုပ်တာဘဲ။ အဲဒါ ခင်ဗျားတို့ဘဲ ဘာသဘောလဲဆိုတာ စဉ်းစားကြည့်ကြပေတော့။ ပြီးတော့ သူတို့က “ပရောဂျက်” တွေဖျက်ဖို့ သပိတ်မှောက်ရတာပါ ပြောတယ်။ ပရိုဂျက်တွေပဲ ပျက်မလား၊ အလုပ်သမားတွေပဲ နာမလား၊ တိုင်းပြည်ဘဲ နာမလား။ အဲဒါစောင့်ကြည့်ကြပေတော့။ ကျုပ်တို့ မြင်တာကတော့ ပရိုဂျက်တွေ မပျက်မည့်ပြင် အလုပ်သမားတွေ ပိုနာမယ်။ တိုင်းပြည်လဲထိမယ်။

******

မသိနားမလည်တဲ့ နောက်လိုက်တွေကို ဟိုဟာ မြောက်ပေး၊ ဒီဟာ မြောက်ပေးတော့လုပ်မယ်။ ကိုယ့်ကိုယ်တိုင်က တော့ အနစ်နာခံကြမှာ မဟုတ်ဘူး။ အဲဒီလို ဖြစ်ရက်နဲ့ ဒီကွန်မြူနစ်တွေ ခွတုတ်နေတာကို ခံကြမယ်ဆိုရင်လဲ ဒါ ဆိုင်ရာလူတွေရဲ့ သဘောဘဲ။ ကျုပ်တို့ကတော့ အလုပ်သမားနဲ့ တိုင်းပြည်နာမယ်ဆိုရင်တော့ ဒီတိုင်းကြည့်မနေနိုင်ဘူး။ အရေးယူရလိမ့်မယ်။ အဲတာ တိတိလင်းလင်းဘဲ ကျုပ်ပြောတယ်။ (ပုလိပ်တို့ ဘာတို့ မသုံးချင်ပေမယ့် သုံးလာ ရလိမ့်မယ်။)

ဗိုလ်ချုပ်အောင်ဆန်း
၂၂ အောက်တိုဘာ ၁၉၄၆ တိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်းမှ

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်