Air Bagan ခရီးသည်တင် လေယာဉ်တစ်စင်း ဟဲဟိုးကွင်း အဆင်းမှာ ပျက်ကျ
အဲပုဂံလေကြောင်းခရီးစဉ်အမှတ်
W9-011 လေယာဉ်အမှတ် XY-AGC ဖော်ကာ F - 100 အမျိုး အစားလေယာဉ်မှာ
လေယာဉ်အမှုထမ်း ၆ ဦး၊ လုံခြုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦးအပါအ၀င်
ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပါတယ်။ယနေ့နံနက်
၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်း များကြောင့် ပြေးလမ်းဘေး
လယ်ကွင်း အတွင်းသို့ မှားယွင်းဆင်းသက်ခဲ့တဲ့အတွက်
လေယာဉ်အမြီး ပိုင်းကျိုးပြီးမီးလောင်သွားခဲ့ပါတယ်။မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီမှရောက်ပြီး ၀၉၄၅ ချိန်မှာ
မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ခရီးသည်များအနက် လေယာဉ်မှူး၊
တွဲဘက်လေယာဉ်မှူးနဲ့ နိုင်ငံခြား သား လေးဦးအပါအ၀င် ခရီးသည် ၉ ဦး ပေါင်း
၁၁ ဦးဒဏ်ာရာရရှိခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။
လေယာဉ်မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ါပတယ်။

အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပါတယ်။

အသေးစိတ်အချက်အလက်များကို MRTV 4 , FMရေဒီယိုအစီအစဉ်များနဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်များကနေ ထုတ်ပြန်ကြေငြာပေးပါ့မယ်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်