Pages

Saturday, 24 November 2012

တိုင်းပြည်ဖျက်စီးနေသူများ


အခု စလောင်းလေးဖွင့်ပြီး မြန်မာပြည်ကလွှင့်တဲ့ မြ၀တီလိုင်းကို ဖမ်းကြည့်နေတာဗျာ..လွှတ်တော်ထဲမှာ ဆွေးနွေးနေတာတွေလွှင့်သွားတယ်...အရမ်းအရမ်း ကောင်းပါတယ်.. အဲ့ထဲမှာ စစ်တပ်ဖက်က အရာရှိ တယောက်တင်ပြသွားပါတယ်.. လက်ပံတောင်းကြေးနီစီမံကိန်းဆန္ဒပြနေတဲ့သတင်းပါ.. အဲ့ဒီဆန္ဒပြ တဲ့သတင်းတွေကို DVB , BBC , Irrawaddy သတင်းဆိုဒ်နဲ့ရေဒီယိုမှာမကြာခဏလာနေပါ တယ်.. တကယ်တော့ အဲ့ဒါတွေဟာမီဒီယာလုပ်ကွက်တွေဆိုတာကျွန်တော်သိလိုက်ရပါတယ်..
တိုင်းပြည်ပျက်အောင် လုပ်နေကြတဲ့လုပ်ကွက်စစ်စစ်တွေပါ. .တောင်သူတွေကိုမီဒီယာသမားတွေက ဓါတ်ပုံမရိုက်ခင် ငိုခိုင်းတယ်..ဘယ်လိုအော်ရမယ်ဆိုတာသင်ပေးတယ်..အဲ့ဒီပုံတွေကို အစိုးရဖက်ကို သတင်းပေးတယောက်ကနေတဆင့်ရခဲ့တယ်ထင်ပါရဲ့.. မီဒီယာတွေက ငိုဖို့သင်ပေးနေတဲ့ပုံတချို့နဲ့..ဓါတ်ပုံ ရိုက်နေတဲ့အချိန်မှာရီနေတဲ့ ဆန္ဒပြတောင်သူတွေပုံတွေပါပါတယ်..အဲ့ပုံတွေကို projector နဲ့လွှတ်တော် မှာတင်ပြသွားပါတယ်..အဲ့မှာ လွှတ်တော်အမတ်စစ်ဗိုလ်ကထပ်ရှင်းသွားပါသေးတယ်..သူတို့ကြေးနီစီမံကိန်းက တလကို သန်း ၂၀၀ အကုန်ကျခံပြီးနိင်ငံခြားကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ရတာပါတဲ့..
အခု ဘုန်းကြီးအယောက် ၄၀ နဲ့ ရွာသားအယောက်၄၀၀ခန့်က စီမံကိန်းထဲမှာ လာနေနေကြတော့ အလုပ်ဆက်လုပ်လို့မရပဲ တိုင်းပြည်ငွေကြေးတွေဆုံးရှုံးနေရပါတယ်..အဲ့ဒီဘုန်းကြီးတွေကလဲ ဘယ်သူက ပိုက်ဆံဘယ်လောက်ပေးလို့ ဘုမသိဘမသိ ပညာမတတ်ပဲနဲ့ တိုင်းပြည်စီးပွားကိုဖျက်စီးနေတယ်မသိ.. ဘုန်းကြီးအစစ်တောင်ဟုတ်ရဲ့လားမသိပါဘူးဗျာ..ဒီလိုသာမီဒီယာလုပ်ကွက်တွေ ကြားမှာပြည်သူတွေကပါ ရောယောင်ပြီး အစိုးရဘာလုပ်လုပ်ဆန့်ကျင်နေမယ်ဆိုရင် တိုင်းပြည်ပျက်စီးဖို့လမ်းရောက်သွားပါမယ်.

.ကြေးနီစီမံကိန်းကနေပြည်သူတွေဘာအကျိုးအမြတ်ရလဲလို့မေးအုံးမလို့လား? အခု အစိုးရက မွေးကင်းစ ကလေးတွေ ၅မျိုးပါကာကွယ်ဆေးထိုးပေးတော့မှာပါ..အဲ့ဒီဆေးကအပြင်မှာထိုးရင် ၁သောင်းခွဲခန့်ရှိ တယ်လို့ပြောပါတယ်..အဲ့ဒီဆေးတွေကိုလဲ သန်းရာချီအကုန်ကျခံပြီးတတိုင်းပြည်လုံးထိုးပေးမှာပါ...ကဲ..အဲ့ဒါပြည်သူတွေအကျိုးအမြတ်မဟုတ်ပေဘူးလား..အစိုးရဘာလုပ်လုပ် ဆန္ဒပြနေမှတော့ တိုင်းပြည် တိုးတက်ရေး မှာ အနှောက်အယှက်များစွာဖြစ်နေပါတယ်..

ဒီနေ့ပဲ သတင်းတခုထပ်ဖတ်လိုက်ရပြန်တယ်..တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ကို စစ်ကိုင်းကိုပြောင်းတာ ဆန္ဒပြနေပါတယ်တဲ့..အဟတ်..တော်တော်ရီချင်သွားတယ်..ကျွန်တော့ ဦးလေးအဲ့ကျောင်းမှာကျောင်းဆရာ ပါ ..ဖုရားဆူးပါဗျာ ကျနော်နိုင်ငံခြားမထွက်ခင်ထိ ကျွန်တော့ဦးလေး စာသွားသင်ဖို့နေနေသာသာ အဲ့ကျောင်း က ကျောင်းသားတွေနဲ့သူငယ်ချင်းပေါင်းပေါင်းပြီးအလေလိုက်နေတာပါ..

ကျွန်တော့ဦးလေးတင်မဟုတ်ပါဘူး..ကျန်တဲ့ ၉၉%ဆရာတွေလဲဒီတိုင်းပါပဲ.စာမေးပွဲနီးရင် မေးခွန်းတောင်း တယ်..ကျောင်းတတ်ချိန်မှာ စာသင်လို့မရအောင်ကို ဆူညံပြီး အထိန်းအကွပ်မရှိတဲ့ နွားခြံ လိုကိုဖြစ်နေ တယ်လို့ခဏခဏပြောပါတယ်..အခု ကျောင်းပြောင်းမယ်လဲလုပ်ရော တခါမှ ကျောင်းတောင်ရောက်ခဲ့ ဘူးလားမသိတဲ့ကောင်တွေက ဆန္ဒပြ ကြပါတယ်..တကယ်တော့ အစိုးရက နေရာရွှေ့ပြီး သူတို့အခု ကျောင်းနေရာမှာ စီမံကိန်းတခုလုပ်ဖို့ရှိတယ်လို့ပြောပါတယ်. 

.ကျောင်းမတတ်တဲ့ကောင်တွေကို နေရာပြောင်းပြီး ကို့တိုင်းပြည်တိုးတက်ရေးအတွက်လုပ်တာ ကျေကျေ နပ်နပ်ပြောင်းပေးရမှာပေါ့ဗျာ..အခုဟာက...xxx ပြောရင်ကုန်လိမ့်မယ်မထင်....နောက်ဆုံးပြောချင်တာက ကျနော်တို့အားလုံးဟာပညာတတ်တွေကြည့်ပါပဲ..ချင့်ချိန်ပြီးယုံကြပါ.မီဒီယာတွေလှည့်သမျှခံပြီး တိုင်းပြည် မပျက်ဖို့ကျွန်တော်တို့ဖက်ကကာကွယ်သွားဖို့တာဝန်ရှိပါတယ်။

credit to-GTone 
(GTone အမျိုးတွေထဲမှာ စစ်တပ်ကပါလားလို့မေးအုံးမလို့လား? စစ်တပ်ကပါဖို့နေနေသာသာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က စစ်တပ်ကိုဘယ်လိုတော်လှန်ခဲ့လဲဆိုတာ BHG site မှာဝင်ကြည့်လိုက်အုံး)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်