လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် ဆန္ဒပြရင်း မီးလောင်ဒဏ်ရာရခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သေးသေးလေးသာဖြစ်ကြောင်း ပြည်ပအခြေစိုက် မြန်မာသတင်းဌာနမှ အယ်ဒီတာ တစ်ဦးမှ ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
"လက်ပံတောင်း တောင် ကိစ္စက သေးသေးလေးပါ... တဘက်မှာ ဘုန်းကြီးတွေကိုယ်တိုင် က ပြည်သူ့အတွက် ကိုယ့်ကိုယ်ကို မီးရှို့အသေခံဆန္ဒပြနေကြတာပဲ... မြန်မာဘုန်းကြီးတွေ က ပြည်သူ့ အတွက် ဆန္ဒပြရင်း မီးဒဏ်ရာရတာ အဲလောက် ပြောဆိုဝေဖန်နေကြဖို့တောင် မလိုပါဘူး..." ဟု ဆိုသည်။
၂၇ ရက်နေ့ ည မှစပြီး လူစုခွဲရန် အကြိမ်ကြိမ် သတိပေးပြီးနောက် ယနေ့ ၂၉ ရက်နေ့ မနက် ၃ နာရီ ကျော်တွင် လူစုမခွဲသေးသည့် နေရာများအား မီးသတ်ကားများဖြင့် ရေများ ပန်းထုတ်းခဲ့သော်လည်း မီးသတ်ရဲဘော်များအား ပြန်လည်တိုက်ခိုက် လုပ်ကြံသဖြင့် မီးခိုးဗုံးပစ်ခဲ့ရာ မတော်တဆ မီးလောင်ရင်း ဘုန်းကြီး များ ဆေးရုံရောက်ခဲ့ရသည်။ ပြည်သူ့အတွက်ဟု အနစ်နာခံကာ ဆန္ဒပြသည် ဟု ကြွေးကြော် ခဲ့သော ဘုန်းကြီးများသည် ယခုအခါ အလွန်စဖွယ် အသံများထွက်လာခဲ့ကြသည်။
တိဘက်တွင် ဘုန်းကြီးများသာမက သီလရှင်များက မီးလောင်သေဆုံးမှုများ အကြိမ်ကြိမ်ရှိနေ ပြီဖြစ်သော်လည်း မြန်မာဘုန်းကြီးများလောက် ဆူဆူညံညံမဖြစ်ခဲ့ခြေ။
နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် သံဃာအများစုမှာ ဘုရား ကျောင်းဂန် များတွင် တရားဟော၊ တရားအားထုတ်လျှက် ရှိကြပြီး လပြည့်ညအချိန် ဘုရား နှင့် ကျောင်း တွင် မနေနိုင်ကြသော ဘုန်းကြီး အများအပြားမှာ မီးလောင်ဒဏ်ရာရခဲ့ကြရသည်။
Myanmar Express
.jpeg)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်