Pages

Wednesday 7 November 2012

အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း


ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ

သူ့ အကြောင်းမသိကြတဲ့သူတွေဆိုရင် အတိုက်အခံလောကတခုလုံးကို သူကလုပ်ကြွေး နေရသ လို..အားလုံးကသူ့ အောက်မှာရှိသလို..မြောက်ပိုင်းကို သူကစပြီးဖွပေး သလို..ပြော နေတဲ့ အောင်ဇော် .သတ္တိရှိ ရင် မင်းနောက်စေ့က အမာရွတ်အကြောင်း အားလုံးသိ အောင်ပြော လိုက်ပါ လား...။


၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ကျောင်းသား လူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ်ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာအစားအသောက်ဆင်းရဲဒါဏ်၊ ငှက်ဖျားဒါဏ်တွေခံစားရ တာကြောင့်တချို့လဲပြည်တော်ပြန်ကြပြီ၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီး UNHCR မှာ ဒုက္ခသယ် အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်။


ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲထွက်သွားတာလိုက်တာ လိုက်ရှာ ရင်း ညီမလေးကို ဘန်ကောက်မြို့ Victorymonument အနီး စနမ်းပေါဝ်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့ JRS JesuitRefugee Service မှာပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို
လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ဘဲ ဒုက္ခသယ်တော်တော်များများကို အကာအကွယ်ပေးနှိုင်ခဲ့ပါတယ်။

JRS ကဘန်ကောက်ရောက်မြန်မာကျောင်းသားလေးတွေအချို့ကိုကာကွယ်စောင့်ရှောက်ထားပြီ
အဲဒီကျာင်းသားလေးတွေကလဲ အချင်းချင်းပြန်လည်အကူအညီပေးဖိုBSCSA BurmeseStudent Committee for Social Affairs ဆိုတဲ့အဖွဲ့လေးဖွဲ့ထားကြပါတယ်။၁၉၉၀လောက်က ကျနော် သူတို့လေးတွေကိုသဘောကျပြီး ၀င်ရောက်ကူညီခဲ့ပါတယ်။နောက်တော့ ကျနော့် အတွက် JRS ကအလုပ်အကိုင်အသစ်ကလေးဖန်တီးပေးပြီး BurmeseBorder Liaison Person အဖြစ်နဲ့တာဝန်ယူ ရပါတယ်။

ကျနော်အလုပ်ကအချုပ်ခန်းတွေနဲ့၊ အကျဉ်းထောင်တွေဆီက အမောင်တွေကို လိုက်တွေ့ပြီအကူ အညီပေးရတယ်၊ ပြင်ပမှာရှိနေတဲ့ရဲဘော်တွေနဲ့အဆက်အသွယ်လုပ်ပေးရတယ်။(၂)ပါတ်တ ကြိမ်လောက် နယ်စပ်ဆင်းပြီးCamp တွေကိုဆန်နဲ့ဆေးဝါးဝေပေးတဲ့အလုပ်နဲ့လူ့အခွင့်အရေးချိုးဖေါက်ခံ ရတဲ့ တင်းတွေ စုစည်းပေး ရပါတယ်။


အဲဒီအချိန်က IDC မှာ ဘဂုံးကုလား (ဘင်္ဂလားဒေ့ရှင်္) တွေကိုတော်တော်အောက်ကျခံပြီး ပေါင်းခဲ့ရတယ်။ ဘဂုံးကုလားတွေ ဟာကျောင်းသားတွေထက်ဆယ်စုနှစ်တခုလောက် စောပြီး တောင်ကျော် လာခဲ့ကြ တာဖြစ်တယ်။ သူတို့အလုပ်ကထိုင်းပုလိပ် ကိုဆရာမွေးပြီးတွန်းလှည်းနဲ့ပလာတာလိုက်ရောင်းတယ်၊ ပြီးရင်
ကျောင်းသားတွေ ဘယ်မှာနေတယ်ဆိုတာ သတင်းပေးတယ်။အခန့်မသင့်လို့အဖမ်းခံရရင်လဲ ထိုင်းပုလိပ် က ဘဂုံးကလားကိုတန်းစီးပြန်ခန့်ပြီး ဆက်ကြေးတောင်းခိုင်းတယ်။ IDC (Immigration detention
Centre) ဆိုတာနိုင်ငံတကာက အချုပ်သားတွေထားတဲ့နေရာမှို့ အမောင်တွေဟာတတ်နိုင်သမျှ စုစည်းပြီးနေ တာတောင် အခြားလူမျိုးတွေကရန်စတာခံရတယ်၊

ထိုင်းပုလိတ် ရဲ့ရိုက်နှက်ချင်းကိုခံရတယ်။ ရဲနည်လေးဆိုရင် နှာခေါင်းရိုး
နဲ့နံကြားတွေမှာ တော်တော်ထိခံထားရတယ်။ သြဇီ( သြစတြေးလျ) က၀င်းအောင်တို့၊
နော်ဝေကအရှည်ကြီးအောင်ထွန်း၊ နယ်သာလန်ကရန်နိုင်၊ ကိုဘီစီ၊
ကနေဒါကကိုဝင်းသိန်း၊ မင်းသူရ၀င်းတို့ဆိုအသိဆုံးဘဲနေမှာပါ။ JRS
မှာကျောင်းသားလေး(၂)ယောက်နဲ့ ဆုံခဲ့ဘူးပါတယ်၊ တယောက်က English major
ကလို့မိတ်ဆက်ပြီး၊ တယောက်ကတော့ ဘန်ကောက် ရောက်မလာခင် ရနောင်းမြို့မှာ
သူဘယ်လို ကြက်ခြင်းတွေထမ်းပြီး ရပ်တည်ခဲ့ရတယ်ဆိုတာ သနားစဖွယ်
ပြောပြရှာတယ်၊ နာမည်ကတော့ ကြည်ဇော်မိုး တဲ့။ ဒီတုံးကတော့
သိပ်သနားစရာကောင်းတဲ့ ကျောင်းသားလေးတယောက်ပါဘဲ၊ နောက်တော့လဲ
အုတ်ခဲကြိုးလောက်အောင် ခေါင်းမာတဲ့ ရွံစရာ သတ္တ၀ါတကောင် ဖြစ်သွားတယ်။
သူ့ရဲ့ပထမဦးဆုံး စရွှေ့လိုက်တဲ့အကွက်ကဘယ်သူမှမသိလိုက်ပါဘူး။
ဘာလဲဆိုတော့သူနဲ့တွဲနေတဲ့ သူငယ်ချင်းကိုသံရုံးကနေတဆင်
့မြန်မာပြည်ပြန်ဖို့လှော်ပေးလိုက်တာပါ။ အဖမ်းအဆီးအရမ်းများလို့
စိတ်ဓါတ်အရမ်းကျနေတဲ့အချိန် ပြည်တွင်းထဲကနေလဲပြည်ပနဲ့ဆက်သွယ်ပြီ
လုပ်လို့ရတယ်ဆိုပြီး လိုင်းချပေးလိုက်တယ်။ ဒါနဲ့ဘဲ English major က
သူ့ရဲ့ဘော်ဒါ (နာမည်အတိုကောက်က YL)နဲ့ တခြားတယောက်(KM)
တို့သံရုံးကနေတဆင့်မြန်မာပြည်ပြန်ကြတယ်၊ သူ့အတွက်ကတော ပြည်တွင်းမှာ
အချိန်ကျရင်သုံးဖို့ဒေါက်တိုင်တချောင်း ထောင်ထားနိုင်ခဲ့တယ်။
ABSDF ဟာလက်နက်ကိုင်တော်လှန်ရေးစဉ်နွှဲနေသလို။ လက်နက်ကိုင်တော်လှန်ရေး
လမ်းစဉ်ကိုစွန့်ခဲ့တဲ့ကျောင်းသားတွေဟာ (Overseas National Students’
Organization of Burma) ဆိုပြီးဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြတယ်။ ONSOB
ဟာ (Ramkamhaeng) ရမ်ကမ်ဟဲင် တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းနဲ့
ပေါင်းပြီမြန်မာသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက်
အကြိမ်ကြိမ်ဆန္ဒပြနိုင်ခဲ့သလို၊ ထိုင်းအစိုးရရဲ့
လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလဲ ခေါင်းငုံ့မခံဘဲ
အပြည်ပြည်ဆိုင်ရာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့တဲ့
သမိုင်းအစဉ်အလာကောင်းတခုရှိခဲ့တယ်။
ဘန်ကောက်မြို့ပေါ်ရောက်ကျောင်းသားတွေရဲ့ဘ၀ကလဲ
သက်တောင့်သက်သာတော့မဟုတ်ပါဘူ။ ၁၉၉၁ လောက်မှာအဖမ်းအဆီးအရမ်းကြမ်းပါတယ်။
ရွှေတွေလဲ ရှမ်းယောင်ဆောင်ပြီး နေကြတာပါဘဲ။ ဒါပေမဲ့လဲ ရိုးရာမပျက်၊
ဆေးပေါ့လိပ်သောက်တာ၊ မန္တလေးဖိနပ်စီးတာ၊ ဆံပင်မညှပ်တာ၊
သုံးယောက်လောက်စုမိရင် ဂီတာတီးတာတွေကြောင့်လဲဖမ်းခံရတယ်။ အဖမ်းခံရလို့
လွှတ်ရင် နယ်စပ်ပြန်ပို့ပါတယ်၊ မြန်မာဘက်ခြမ်းအနီးမှာ လူတွေကိုအမှိုက်လို
သွားသွန်တာပါ။ လူကိုသွန်လို့ရတယ်ဆိုတာ အဲဒိတော့မှသိရတယ်။
မြန်မာဘက်ခြမ်းရောက်သွားလို့ ကံဆိုးပြီးကျောင်းသားမှန်းသိသွားရင်
အန္ဒရာယ်အရမ်းကြီးသလို၊ ဘန်ကောက်ပြန်တက်ဖို့ကလဲ စရိတ်စကကြီးပါတယ်။
တချို့ကျောင်းသားတွေဆိုအိမ်မှာ ညမအိပ်ရဲဘဲ ညလုံးပေါက်ပြေးတဲ့
ဘစ်ကားတွေပေါ်မှာဂိတ်စဂိတ်ဆုံးစီးပြီး အိပ်ခဲ့ကြရပါတယ်။ ထိုင်းပုလိပ်ရဲ့
Walki-Talki ကရှဲရှဲမြည်သံကြားရင်နေမထိ ထိုင်မသာဖြစ်ရပါတယ်။
ဒီလိုနဲ့တနေ့ ညနေပိုင်း JRS ဧည့်ခန်းထဲမှာ
ကျောင်းသားတော်တော်များများရောက်နေကြတယ်။
သူတို့ရဲ့မျက်နှာတွေဟာသာမန်နေ့တွေနဲ့မတူဘဲ ခက်ထန်နေတယ်၊
သူတို့ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တခုကိုအများသဘောတူဆုံးဖြတ်ကြဖို့
ပြင်ဆင်နေကြတယ်။ မှတ်မှတ်ရရ မြန်မာသံရုံးကိုဝင်စီး၊ န၀တ
အလံကိုဖြုတ်ချပြီး ခွတ်ဒေါင်းအလံကို တင်ခဲ့တဲ့ ဂျော်နီလဲပါဝင်ခဲ့ပါတယ်။
အဲဒိအချိန်မှာ ကြောက်စိတ်တွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီ
တုန်တုန်ရီရီနဲ့ ( ဟေး ပျော်တယ်ဟေ့ ငါတို့တော့ မနက်ဖန်သွား
အဖမ်ခံတော့မယ်)ဆိုပြီး အကြောက်ပြေ လာပြောတာကတော့ ကြက်ခြင်းထမ်းခဲ့တဲ့
အကြံသမားကျောင်းသားငယ်လေးဖြစ်ပါတယ်။



သူတို့ဟာ UNHCR ကအသိအမှတ်ပြုခံထားရတဲ့ဒုက္ခသယ်တွေဖြစ်ပေမဲ့ထိုင်းအစိုးရကဖမ်းဆီးပြီးပြန် ပို့နေတာတွေကို အပြည်ပြည်ဆိုင်ရာကအလေးထားလာဖို့အတွက် မနက်ဖန်မှာ သတင်းဌာနတွေကို အသိပေးပြီ လ၀ကရှေ့မှာဆန္ဒပြကြမှာဖြစ်ပါတယ်။ သတင်းတွေထုတ်ပြန်ဖို့က BSCSA ရဲ့
Information group ကနေတာဝန်ယူရမှာပါ။ တာဝန်ပေးခံရတာတော့ ဇော်ဇော်ပါ။ဒါပေမဲ့ တာဝန်တွေ အားလုံးခွဲဝေပြီးတဲ့အခါမှာတော့အကြံသမားကျောင်းသားငယ်လေးဟာ ဇော်ဇော်တယောက်ထဲတာဝန်တွေကို
မနိုင်မှာအကြောင်းပြပြီး နောက်ချန်နေခဲ့လိုက်တယ်။ အကြောင်းပြချက်ကလဲကောင်းပါတယ် ဇော်ဇော်ဟာ အမေရိကားကို scholar နဲ့သွားဖို့အတွက် visaရပြီဖြစ်နေလို့ပါဘဲ။

နောက်တနေ့မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဘန်ကောက် လ၀ကရုံးရှေ့မှာ အင်္ကျီ်အဖြူရောင် လက်ရှည်၊ ဘောင်းဘီအနက်ရောင်ဝတ်ပြ်ီးဆန္ဒပြအဖမ်းခံကြပါတယ်။ သူတို့ဟာစနစ်တကျ တန်းစီထိုင်ပြီး
ကျောင်းသားတွေကိုဖမ်းတာမရပ်ရင် ငါတို့ကိုဖမ်းပါဆိုပြီးဆန္ဒပြကြတော့နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဒီအတွေ့အကြုံမျိုးမရှိခဲ့တဲ့ထိုင်းအာဏာပိုင်တွေ အခက်တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေက
နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဖမ်းဆီးဖို ခက်နေတဲ့အတွက်ကျောင်းသားတွေကိုမဖမ်းဘဲပြန်လွှတ်ပါတယ်၊ ဒါပေမဲ့ ဘာဂတိစကားမှမရတဲ့အတွက်ကျောင်းသားတွေကလဲဆက်လက်ဆန္ဒပြကြ တယ်။ နောက်ဆုံး မှာတော့ ကျောင်းသား အားလုံးယောင်္ကျားလေး ၃၅ယောက်၊ စိုးလွင်၊ ညီညီ၊ နီထွန်း၊ စိုးစိုး၊ပြည်ကြီး၊ကျော်နီ ၊ငွေစိုး စသည်တို့ပါပြီ၊ မိန်းခလေး ၃ ယောက်ကတော့ ညီမငယ်မြင့်မြင့်စန်း၊ ဖိုးသက်နဲ့ ဖွားဖွားတို့ အဖမ်းခံခဲ့ကြတယ်။

သူ့ကောင်မလေးပါသွားလို့ရင်ကွဲနာကျပြီးကျန်ခဲ့ရတာကတော့ ကိုယဉ်ထွေးပါဘဲ။သူ့ခမျာတော်တော် ခံစားလိုက်ရပါတယ်။ကျောင်းသားတွေကိုထိမ်းသိမ်လိုက်ပြီးတဲ့နောက် ဘာသတင်းမှမရတော့ပါဘူး၊
ဘယ်နေရာမှာထားတယ်ဆိုတာတောင်မသိရတော့ပါဘူး။ တော်တော်စိတ်ပူစရာကောင်းတဲ့
အခြေအနေပါဘဲ။ JRS မှာလဲတော်တော်အပြောင်းအလဲတွေဖြစ်သွားတယ်။ ဇော်ဇော်ကအမေရိကား ထွက်သွားပြီး၊ အုပ်ချုပ်ရေးပိုင်းကFather Tom က အမေရိကားပြန်သွားတယ်။ သူနေရာမှာ Alan နဲ့ Dennis ဆိုတဲ့ (Aussie)မိသားစုရောက်လာကြတယ်။ Alan က Baptist တရားဟောဆရာပါ။ သူကစာရေးတာဝါသနာပါပြီးရောက်ရောက်ခြင်းဘဲ news journal လေးထုတ်ဖြစ်အောင်ကြိုးစားခဲ့တယ်။
အင်္ဂလိပ်စာအရေးအသားအတွက်လဲ အကူအညီပေးခဲ့တယ်။ JRS ခြံဝင်းထဲ ရုံးခန်းရဲ့မျက်စောင်းထိုးမှာ Bertil Lintner က အိမ်ခန်းလေးတခန်းငှားနေပါတယ်၊၀င်ဝင်ခြင်းဘယ်ဖက်မှာပါ။ သူ့ကိုအကူအညီပေးနေ တဲ့ အေးချမ်းနိုင်တို့၊မသီတာတို့ကလဲ DVB မှာတာဝန်ထမ်းဆောင် ဖို့နော်ဝေးကိုသွားကြပြီ။

ကြက်ခြင်းထမ်းခဲ့တဲ့လူငယ်လေးကတော့ တပည့်လိုနေတဲ့ Bertil Lintner နဲ့စာသင်ပေးလိုတဲ့ Alan အကူအညီနဲ့ journalist ပညာသင်ဖို့အခွင့်သာသွားတယ်။(ဒါကတော့လူငယ်တိုင်းကြိုးစားရမဲ့တာဝန်မို့
ကောင်းတဲ့အလုပ်လို့ဘဲမြင်ပါတယ်)သူက ညနေစောင်းရင်မြန်မာလွယ်အိတ်ကလေးလွယ်ပြီး Foreign correspondent club ကိုသွားတတ်နေပြီ၊ဘန်ကောက်ကျောင်းသားတွေထဲမှာလုပ်ရည်ကိုင်ရည်ရှိ တဲ့ သူတွေတော်တော်များများကလဲထောင်ထဲရောက်နေကြတာမို့ ကျောင်းသားတွေရဲ့သတင်း တွေအတွက်
သူဟာအရေးပါတဲ့နေရာကိုရောက်သွားတယ်။ ဒါပေမဲ့ဘယ်တုံးကမှ JRSအပြင်ထွက်ပြီးကျောင်းသားထု ရဲ့အသံ ကို နားမထောင်ခဲ့ဘဲလုံခြုံတဲ့နေရာမှာနေထိုင်ပြီးကိုယ့်စိတ်ကြိုက်အာဘော်တွေကိုသွား ဖလှယ်နေတာသာဖြစ်တယ်။

သူတယောက်ထဲမျက်နှာရနေတဲ့အပေါ်မှာလဲ တော်တော်ကျေနပ်နေပုံရပါတယ်။ သတ္တ၀ါတကောင်
အဖြစ်ကိုပြောင်းသွားတဲ့လုပ်ရပ်ကတော့ BSCSA ရဲ့သတင်းဌာနကို သူ့ရဲ့သတင်းဌာနအမည်ပြောင်းခဲ့ တာပါဘဲ။ ပြောင်းလိုက်တဲ့သတင်းဌာနအမည်ကတော့BIG (Burma Information Group) ပေါ့။ နာမည်ကိုကြည့်ရင်သူ့ရဲ့ပင်ကိုယ်စိတ်ထား ကြီးကျယ်တာကိုတွေ့ရမှာပါ။ နေ၀င်းလိုကောင်မျိုးကို
အာဏာအပ်မိသွားပြီ။

တကြိမ်မှာဆို တော်တော်လေး စိတ်အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့ဘယ်သူတွေဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေ ဆီက လွတ်လာတဲ့သူအတွက်ဘယ်လိုအကူအညီပေးရမယ်ဆိုပြီ အသိပေးပါတယ်။ IDC ကလွတ်တဲ့နေ့မှာ
ရနောင်းကိုပို့ရင်ပြန်တက်လာရတာခက်တယ်။ ရနောင်း ကနေကော့သောင်ဖက်ကမ်းကိုလှေနဲ့ပို့ရင်လဲ
ထောက်လှမ်းရေးနဲ့တိုးမှာမှို့ထိုင်းပုလိပ်နဲ့ငွေပေးပြီးစံခလဘူလီဘက်ကိုထွက်ကြတယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန်တက်လာလို့ရတယ်။ကျနော် ကိုသီဟနဲ့မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့သူထွက်မှာ ကတော့သေခြာနေပြီ၊ မတော်တဆသူကိုထောက်လှမ်ရေးကနေ ဖမ်းသွားခဲ့ရင်မီဒီယာကနေအော်ပေးဖို့နဲ့
သူစိတ်ချရတဲ့နေုရာရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။

ကျနော်ဒီသတင်းကိုယူလာပြီ JRS မှာပေးပါတယ်။ သေသေခြာခြာလဲမှာခဲ့ပါတယ်ကိုသီဟ လုံခြုံတဲ့နေ ရာရောက် မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ ကျနော်လဲJRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့သတင်းပါလာတယ်ဆိုပြီးရှောက်ကြွားနေတဲ့ သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ
ကိုယဉ်ထွေးတို့ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာသိရပြီးစိတ်အေးရတော့တယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့သတင်းဦးလေးပို့ယုံဘဲထင်ရတာ တကယ်တော့သူ့နေရာမှာတခြား သူတွေ မရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိမတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ဘဲ တောင်းပန်လိုက်ပါတယ်။JRS ခြံဝင်းရဲ့ ၀င်ဝင်ခြင်းညာဖက်အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊
ရုံးဝန်ထမ်းတွေထမင်စား ကော်ဖီသောက်ကြပါတယ်။ အပေါ်ထပ်ကိုတော့မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါတယ်။

ပြင်ပကဧည့်သယ်တွေလာရင်အောက်ထပ်နေရာလေးမှာဘဲဧည့်ခံကြပါတယ်။ ABSDFကကျောင်းသူ မရီရီထွန်း ငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီးဆေးရုံမှာမဆုံးမီအထိ အပေါ်ထပ်အခန်းလေးထဲ မှာနေသွား ပါတယ်။ကျနော်မှာဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းကမြန်မာတွေကို အရမ်းအကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့လူယုံဖြစ်ပါတယ်။ IDCကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့သူဌေးချိုချိုင်းရဲ့ ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့မိတ်ဆွေကြီး ဦးဝင်းတင် က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲရပါတယ်။ ( ကျနော်ဒီကောင်ကိုရိုက်မိတော့မယ်တဲ့) ဒါနဲ့အကြိုးအကြောင်းမေးကြည့်တော့၊

နယ်စပ်ကတက်လာတဲ့ ကျောင်းသားလေးတယောက် ရေတောင်းသောက်တယ်တဲ့ရေသောက်ပြီးတော့ ခလေးကခွက်ကိုမဆေးဘဲချထားလိုက်တယ်၊အဲဒါကိုခွက်ကိုယူပြီးအဲဒိ ကျောင်းသားလေး ရှေ့မှာ
ရေဆေးပြနေတာမပြီးတော့ဘူးဗျာတဲ့၊ ကြေကြေကွဲကွဲပြေရှာတယ်။ တကယ်တော့နယ်စပ်ကတက်လာတဲ့ ခလေးတွေကတော်တော်သနားစရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊ငှက်ဖျားကလဲပါလာ၊ အ၀တ် အစား ကလဲမတော်တရော်၊ တချို့ကတောလမ်းကအသက်စွန့်ပြီးတက်လာ၊ အသားအရေက လဲညစ်ပေပေနဲ့ဆိုတော့၊တော်တော်လေးနှိမ့်ချခံကြရတယ်။ မတူမတန်သလိုအမူအရာလုပ်ပြတာ၊
ဖိုင်တွဲကြီးပိုက်ပြီးအလုပ်များနေတဲ့ပုံစံနဲ့ရုံးခန်းတွေကူးချည်သန်းချည်လုပ်ပြတာလဲခံကြရတယ်။
ကျနော် ကတော့ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊အချုပ်ခန်းတွေလဲပုံမှန်သွားကြည့်ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာစိတ်အနှောက်အယှက်နဲ့ကြုံလာရပြန်တယ်။ IDC ကပြန်ရောက်ရင်
IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့သူငယ်ချင်းတွေဆီပေးလိုက်တဲ့စာတွေ နဲ့IDC
ထဲကထူးတဲ့သတင်းတွေJRS မှာဝင်ပေးပါတယ်၊အဲဒိစာတွေကို ကိုယဉ်ထွေးက
ရုံးလေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့
ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့နာမည်စာရင်းနဲ IDCထဲမှာ လိုက်ရှာပေးရတယ်။

ဒါပေမဲ့ (၂)ရက် (၃)ရက်လောက်ရှိနေပြီ JRS ရုံးခန်းတခါးပိတ်ပိတ်ထားတော့အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာလူရှိနေတာ ကျနော်သိနေတယ်။ကိုယဉ်ထွေးကိုတော့မှာခဲ့ပါတယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့၊
ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ပိတ်ထားတာလဲပြောရရင်တော့။ JRSကိုဝင်ထွက်နေတဲ့ Canadian မတယောက်ရှိတယ်၊ သူ့နာမည်က Monique ပါ။ သူကအမောင်တွေကို လာပြီး အီစီကလီ လုပ်နေတာ။ JRS မှာရွေးစရာတွေကများနေတော့သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့သူ့ကိုသတ်သတ် မှတ်မှတ်ထားပြီအသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒိကျောင်းသားလေးကတော့ IDCမှာသွားအဖမ်းခံတဲ့အထဲပါသွားပြီး ဘယ်ရောက်နေမှန်းမသိရသေးဘူး။ ခုတောCanadian မလဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီးစာသင်တဲ့အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ ကကိုယ့်ရဲဘော်တယောက်ဘယ်လိုခံစားရမလဲ။

ဒီလိုနေရင်းနဲ့ဘဲ ကျောင်းသားတွေကို SDC (Special Detention Centre)ပို့လိုက်တယ်လို့ကြားရပါတယ်။ IDC ထဲကကျောင်းသားအချို့ ကိုလဲ SDCပို့လိုက်လို့ SDC ထဲမှာကျောင်းသား၅၀လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင်လေယာဉ်ပြန်ပေးဆွဲမှု့နဲ့ နှစ်ရှည်ထောင်ချခံထားရတဲ့ ရဲရင့်နဲ့ရဲသီဟဆိုတဲ့
ကျောင်းသား၂ယောက်လဲရှိသေးတယ်။ သတင်းတွေကတော့ မြန်မာပြည်ပြန်ပို့မယ်၊ကျောင်းသား camp အသစ်ဖွင့်ပြီးအရင်ဆုံးအသုတ်အနေနဲ့ထည့်မယ်၊တွေ့ခွင့်ပေးမယ်၊စသည်ဖြင့်ပေါ့။ နောက်တော့တွေ့ခွင့် ရပြီဆိုတဲ့သတင်းကြားရလို့အရမ်းဝမ်းသာတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့စိုးရိမ်ကြောက်လန့်နေတာ ကတော့ ဟိုသတ္တ၀ါလေးဘဲ၊အခွင့်ကောင်းကိုအမိအရဖမ်းပြီး တကိုယ်ရည် journalistတယောက်ဖြစ်ဖို့ ကြိုးစားနေ တာကလွဲလို့ ဘာမှမယ်မယ်ရရ မလုပ်ထားခဲ့တော့ SDCကိုထောင်ဝင်စာတွေ့လို့ရတဲ့အချိန် ဘာသတင်းစကားမှမပါးနှိုင်ခဲ့ဘူး။

အထဲကသူတွေ စိတ်ဓါတ်မကျအောင် အပြင်မှာလဲအရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီးချွေးသိပ်ခဲ့ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့ဘယ်ကျောင်းသားမှ JRSမှာလာပြီးဆွေးနွေးတာလဲ မတွေ့ရသလိုကိုယ်တိုင်လဲသွားပြီးဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDCအထဲမှာလဲရက်တွေကြာ လာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။သတ္တ၀ါလေးကြည့်ရတာ ရဲဘော်ရဲဘက်တွေ လွတ်လာမှာ အရမ်းစိုးရိမ်နေပုံရတယ်။

သူဟာအခုရနေတဲ့အခင်းအကျင်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေလွတ်လာရင် သူ့ကိုလွှဲခဲ့ တဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်မအပ်နိုင်တော့ဘူး(အာဏာရူးဖြစ်သွားတာပေါ့)။ SDC ကကျောင်းသားတွေလွတ် လာတော့မယ်ကြားရလို့ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန် သူတော်တော်ခြောက်ခြားနေပြီဖြစ်တယ်။

ဒါနဲ့ဘဲ (၉)လနီးပါးမှာ SDCကကျောင်းသားတွေလွတ်လာတယ်၊ ကျနော်အမှန်အတိုင်းဘဲရှင်းပြလိုက်တယ်။
သူတို့လဲတော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာဟာ ပြောင်းလဲနေပြီးနွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊လက်တွဲခေါ်ယူဖို့ကိုကန့်ထားသလိုဖြစ်နေတယ်၊ ရဲဘော်ရဲဘက်တွေဟာသူနဲ့တစိမ်းတွေ လိုရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေးတရပ်ခေါ်ပြီးခေါင်းဆောင်လုပ်မဲ့သူ အသစ်ပြန်ရွေးတဲအခါ၊ အဲဒိသတ္တ၀ါရှုံးသွားပါတယ်၊ဒါပေမဲ့နေရာဖယ်ပေး ဖို့ဝေ့လည်ကြောင်ပတ် လုပ်နေပါတော့တယ်။

ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေဟာ လေးစား အသိအမှတ်ပြုခြင်းမခံရဘဲ လူသစ်ကလေးတွေ လိုပြန်ဖြစ်နေတော့ မကျေနပ်မှု့တွေဟာ ထိမ်းချုပ်မရဘဲသူတို့ထဲက စကားနဲပြီး အအေး ဆုံးကျောင်းသားလေး တယောက်က အုတ်ခဲနဲ့သတ္တ၀ါကိုထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟိုယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက်ချုပ်လိုက်ရပြီး၊ နှစ်ညလောက်ဆေးရုံတက် လိုက်ရ ပါတယ်။ အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာနားလည်ပါတယ်၊ အဲဒိကျောင်းသားငယ်မှားသွား တယ်၊ ဒါပေမဲ့အပြစ်ရှိပြီးတာဝန်ရှိတာ ကျနော်ဖြစ်ပါတယ်။

ကျနော်ရဲ့ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့်ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော်ဆေးရုံ ကိုမသွားခဲ့ဘူး၊ဆေးရုံသွားကြည့်တဲ့သူတွေကတော ပြောပြတယ်၊ အဖြူတွေရှေ့မှာ “ပဲ”တွေအရမ်းများပြ တယ်တဲ့။ ဆေးရုံကုတင်ပေါ်မှာတောင် သနားသွားအောင် lobbyလုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော အရမ်းဝမ်းနည်းပြီးစိတ်မကောင်းတော်တော်ဖြစ်ရှာတယ်၊ Dennies ကစိတ်ထား သိပ်ပြီးနူးညံ့တယ်၊ဘာအကူအညီသွားတောင်းတောင်း မရရအောင်ကြိုးစားပြီးချက်ချင်းတုံ့ပြန်တယ်၊
သူ့ကို စိတ်မကောင်းစရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။

Dennies မသိလိုက်တာကတော သူ့နောက်ကွယ်မှာ ဒီသတ္တ၀ါက ( ဒီကောင်မလေး အရမ်းကို
နန့်တယ်) လို့ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအရွယ်လောက်ရှိပါတယ်။ ဒါနဲ့ကျနော်လဲမှာ မပျော်တော့တာနဲ့ JRSက အလုပ်ထွက်လိုက်ပါတယ်။နောက်တော့ BIG ကနေ ဧရာဝတီသတင်းဌာန ဆိုပြီး ပြောင်းသွားတယ် ကြားတယ်၊ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့links တွေကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ(ရဲနည်၊ ကိုသက်)
ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီးဖြေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ဒေါ်အောင်ဆန်းစုကြည် တို့ကို   စော်ကားပြီး အင်တာနက်ဟက်လုပ်ခံရတယ်ပြောတာလဲကြားပါတယ်။ ကိုကျော်သန်းတယောက်
နပိုလီယံဆိုပြီးရေးလိုက်တာတွေ့တယ်။ နပိုလီယံ နဲ့နှိုင်းရင်တော့နောက်ကွယ်မှာ ဟားတိုက်တာခံရ တာမြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။

မန္တလေး မှာ ကိုထွန်းအောင်ကျော်ရဲ့ ညီမ မသင်းသင်းနဲ. မချောအိဖြူတို့ကိုချိုးလိုက်တဲ့ အချိုး မျိုးတွေ JRS မှာနယ်စပ်ကလာတဲ့ကျောင်းသားတွေအပေါ်ဆက်ဆံခဲ့တာ ပြန်မြင်မိတယ်။မြောက်ပိုင်းကိစ္စ သူကအစော ဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့၊ ဟုတ်ပါတယ်။ အဲဒိအချိန်ကအတိုက်အခံတွေဘက်မှာဒီသတင်း ကိုမပျံ့စေခြင်သေးဘူး၊ အတိုက်အခံအင်အားလျော့သွားမှာစိုးတယ်၊ တချို့လည်းမြောက်ပိုင်းမှာတကယ်ဘဲ
သူလျှိုဝင်ခဲ့တယ်ထင်ကြသလို၊ လွတ်မြောက်လာသူတွေကိုယ်တိုင်ကသူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ခုလိုဖွင့်ဟမပြောကြသေးဘဲ ကာလတခုကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ
သတင်းဦး အနေနဲ့သတင်းဌာန နာမည်ရဖို့အတွက် အတိုက်အခံအချင်းချင်းနှိပ်ကွတ်လိုက်တာ ပါ ။ မြောက်ပိုင်းကလွတ်မြောက်လာတဲ့ကျောင်သားတွေရဲ့သဘောထားကြီးမှုနဲ့ သည်းခံ စိတ်ရှည်မှုကလဲ အံသြစရာ ပါဘဲ။ နောက်တကြောင်းက NGOလောကထဲက Donor ငွေတွေရှယ်ပြီးယူနေ ရတဲ့သူ တယောက်(ကိုနိုင်အောင်)ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။မြောက်ပိုင်း ကကျောင်သားတွေကို ကရုဏာသက်လို့တော့ဖြစ်ဟန်မတူပါဘူးမရိုးနိုင်တဲ့ ဟင်္သာကိုးသောင်း ဇာတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအခြေအနေမှာတော့တခြားသတင်းထောက်တွေလဲရေးနေကြတာမှို့ သတင်းဦးမဟုတ်တော့တဲ့အတွက်မြောက်ပိုင်းကိစ္စကသေးသေးလေးဖြစ်သွားတာပေါ့။

(၈၈) အရေးအခင်း ကထွက်လာခဲ့တဲ့ကျောင်းသားတွေဟာ အနာဂါတ်တွေပျောက်မှာစိုးရိမ် လို့တတိယ နိုင်ငံတွေထွက်ပြီး ပညာလဲသင်နိုင်ငံရေးလဲလုပ်ဖို့ကြိုးစားကြတယ်။ တကယ်တန်းမှာတော့
ကျောင်းသားအချို့လောက်သာအဆင့်မြင့်တက္ကသိုလ်တွေမှာအစိုးရချေးငွေနဲ့ပညာသင်ကြားနိုင်ခဲ့ကြတယ် ။ တော်တော်များများကလုပ်ငန်းခွင်ထဲဝင်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီးရက်ကြီးတွေမှာ
ဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ဘာသာစကားအခက်အခဲကလဲ အကြီးမားဆုံးပြဿနာ တရပ်ပါဘဲ။

လုပ်ငန်းခွင်ထဲမှာစကားပြောသင်နေလို့ရတာမှမဟုတ်တာဘဲ၊ ကိုယ်အသိုင်းအ၀ိုင်း မှာကြတော့လဲ ဗမာလိုဘဲပြောကြဆိုကြနဲ့မှို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင်ဘဲပြောတတ်ကြ တယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင်နိုင်ငံခြားသားတွေဆီမှာအကူအညီသွားပြီးတောင်းကြရ တယ်။ ချင်းမိုင်ဂွင်ကျတော့ ပြောင်းပြန်ပါ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊
နိုင်ငံတကာ က ကျောင်းသားတွေ ဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ်သူတို့နိုင်ငံမှာပြန်တင်ပြ ဖို့ဘဲဖြစ်ဖြစ် မြန်မာတွေဆီမှာသိချင်တာလေးတွေလာမေးရတယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ် အသစ်လေးတွေ၊လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ၊ တလေးတစားနဲလာပြီး သူတိုသိချင်တာလေးတွေ
မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီးကူညီချင်သူတွေ ရှိသလို အင်္ဂလိပ်စကားပြောကြတဲ့အကြောင်းအရာတွေကလဲလူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေး နှဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှို့စကားပြောရာမှာလဲတိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမဲ့သူလာရှာရတာမှို့ ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ projectတင်နည်းတောင် သင်တန်းပေးပါသေး တယ်။

ပြည်တွင်းကမြန်မာပြည်သူပြည်သားတွေဟာ အမှန်တရားတွေကမ္ဘာက သိရှိဖို့အတွက်၊အလုပ်အပြုတ်ခံ၊ နှစ်ရှည်ထောင်ကျခံပြီး သတင်းဌာနတွေဆီသတင်းတွေပေးပို့ကြတယ်။ ပြည်ပက မီဒီယာသမားတွေ ကတော့ အဲဒိချွေး၊ သွေးတွေနဲပေးဆပ်ထားတဲ့ သတင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက
အလှူငွေတွေနဲ့ နှစ်၂၀လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊အသုံးအဆောင်အပြည့်နဲ့ အီဆိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာမီဒီယာနဲ့ဆက်သွယ်လို့ အဖမ်းခံသွားရပြန်တော့ သူ့လူပါဆိုပြီးအလှူရှင်တွေဆီအသုံးစရိတ်ပြလို့ကောင်းသွားပြန်ရော။

ခုတော့ အလှူရှင်တွေကပြည်ပမှာထက် ပြည်တွင်းကိုစိတ်ဝင်စားလာတယ်၊ သတင်းဌာနတွေထက် လူမှု့ရေး၊ပညာရေးနဲ့၊ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊သတင်းဌာနတွေလဲ ၀မ်းရေးအတွက်သူများထက်ဦးအောင်မြန်မာပြည်ထဲပြေးဝင်ကြရတော့တယ်။ မြန်မာပြည်ကိုချစ်လို့ပြန် လာတာမဟုတ်ပါဘူးဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမှို့
ကောက်ကျစ်တဲ့ ကောင်ကိုသတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာသူ့သတင်းဦးဖို့ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာအကွက်ချထားပြီး သူ့ရဲ့စားခွက်ကို လုမဲ့သူကိုအခွင့်သာရင် နှိပ်ကွတ်ဖို့အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲမှာပါရစေ၊
တန်ရာတန်ကြေးရမှအလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေးထက်၊ လေးစား၊အသိအမှတ်ပြုခြင်း ခံရမှုကိုဆိုလိုတာပါ၊

Press conference တွေမှာထပ်တွေ့ရင်မေးကြည့်ပါ၊ ဘန်ကောက်က ကျောင်းသား၃၈ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက်တာဝန်ကျေခဲ့ပါသလဲ။ အဲဒိသတ္တ၀ါ မျက်နှာမှာ
မရှိတဲ့သွေးတောင်ပျောက်သွားအုံးမယ်။



အားလုံးကိုခင်မင်လေးစားလျက်
ကိုဖိုးထောင်

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်