Oct 23, 2012
အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ် ဆက်သွယ်ရေးရုံး၌ KIA တပ်သား (၃) ဦးမှ မိုင်းထောင်နေစဉ် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်
ရရှိထွက်ပြေးသွားကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု အနေဖြင့်
ဆက်သွယ်ရေးရုံးလှေကား ပြုတ်ထွက်သွားကာ လှေကားနှင့် ဆက်ထားသော
ကြမ်းခင်းပြိုကျ သွားခဲ့ေ ကြာင်း သိရပါတယ်။
“ သူတို့က မိုင်းလာထောင်တာလေ၊ သေသွားတဲ့တစ်ယောက်က မိုင်းကိုကိုင်ပြီးလုပ်နေတာ ဖြစ်မယ်။ ကျန် တဲ့ နှစ်ယောက် ကတော့ ခပ်ဝေးဝေးကနေ ကင်းစောင့်ပေးနေတာဖြစ်မယ်။ မနက် (၃) နာရီလောက် ကကွဲ တာ။ ကျွန်တော်တို့ ကတော့ ရွာထဲမှာပဲနေတာ ဖြစ်ပုံရတယ်။ မနက် (၃) နာရီခွဲလောက်က ကွဲတာ။ ကျွန်တော် တို့ ကတော့ ရွာထဲမှာပဲနေတာ ဆိုတော့ အသံပဲကြားလိုက်ရတယ်။ မနက်ကျမှ သွားကြည့်ေ တာ့ သေသွားတဲ့လူက အပေါ်ပိုင်းမရှိတော့ဘူး ” ဟုဒေသခံတစ်ဦးက ဆိုပါတယ်။
ဆွမ်ပရာဘွမ် ဆက်သွယ်ရေးရုံးတွင် အစိုးရ၀န်ထမ်း (၆) ဦးတာဝန်ထမ်းဆောင်နေပြီး ၎င်းဝန်ထမ်းများမှာ KIA ၏ရန်ကိုကြောက်ရွံ့သဖြင့် နေ့ပိုင်းတွင်သာ ရုံးတက်ပြီး ညပိုင်းတွင် ရွာတွင်းသို့ ပြန်အိပ်ကြောင်း သိရပါတယ်။ KIA တို့ဟာ ၀န်ထမ်းများ ရုံးတက်လာချိန်ကို ရည်ရွယ်၍ အချိန်ကိုက် မိုင်းထော င်ခြင်း ဖြစ်နိုင်ကြောင်းနှင့် တာဝါ တိုင်ကိုပါ မိုင်းထပ်ထောင်ဖို့ ရည်ရွယ်ချက်ရှိ နိုင်ကြောင်း အဆိုပါဒေ သခံ များ က ဆက်လက်ပြောဆိုခဲ့ပါတယ်။
KIA ဟာ ဆွမ်ပရာဘွမ်မြို့ရှိ အစိုးရရုံးဌာန အဆောက်အဦများနှင့် ၀န်ထမ်းများ အား အမြဲတမ်း လာေ ရာ က် တိုက်ခိုက်လျက်ရှိရာ အောက်တိုဘာ(၁၅)ရက်နေ့ မနက်(၃)နာရီခန့်မှာလည်း ဆွမ်ပရာ ဘွမ်မြို့၊ မြို့ နယ် အုပ်ချုပ်ေ ရးရုံး အတွင်း၌ မြို့နယ် ဒုဦးစီးမှူး ဦးစန်းဟိုနဲ့ မြို့နယ် အထက ကျောင်းအုပ်ကြီး ဦးမောင်မောင် သန်း တို့ အိပ်ပျော်နေစဉ် KIA (၃) ဦးမှ တံခါးမှန်ကို ရိုက်ခွဲကာ အဆောက်အအုံအတွင်းသို့ လက်ပစ်ဗုံး ၂ လုံး ပစ်ထည့် ဖောက်ခွဲကာ သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ်ခဲ့ပါတယ်။
KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ရထားလမ်းများ၊ တံတားများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ေ နေ သာ အ စိုးရ ရုံးဌာနများ အားမိုင်းထောင်ဖောက်ခွဲခြင်း စသော အကြမ်းဖက်လုပ်ရပ်များ အား ပြည်သူ လူထု မှ ရွံ့ကြောက်ဖြစ်နေပြီး အမြဲတမ်းသတိ ၀ီရိယနဲ့ နေထိုင်သွားကြဖို့ လိုအပ် တယ်လို့ ဆွမ်ပရာဘွမ် မြို့ မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
Photo : ဇွန်လ(၂၉) ရက်က အစိုးရရုံးတစ်ခုတွင် ထောင်ထားခဲ့သောမိုင်းတစ်လုံး
http://1.bp.blogspot.com/ -n2ozhQIxACY/UIY-qbcKpLI/ AAAAAAAAOn0/XQEnIFcxESM/s1600/ s.png
http://www.oppositeyes.info/ 2012/10/kia-kia.html

http://1.bp.blogspot.com/
http://www.oppositeyes.info/
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်