Oct 23, 2012
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ ဦး ၀င်းမြင့် (ဒီချုပ်) က" ၁၉ ၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၃ အ ဖြစ် ပြဌာန်း ခဲ့ သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီး လိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ကို ပယ်ဖျက်ပေးပါရန် အဆို တင်သွင်းမည် ဖြစ်ပါသည်။
...
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က " လူတွေရဲ့ အခွင့်အရေး တွေကို ကန့် သတ် တဲ့ ဥပဒေ ဆိုရင် အားလုံး ဖျက်သိမ်းရမှာပဲ၊ ပူဒ်မ ၁၀ တင် မ ဟုတ်ဘူး ပုဒ်မ ၅ လည်း ရှိသေး တယ်၊ နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ချေ ပေးပြီးတော့ ဖမ်းနိုင် တဲ့ ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော် အစည်းဝေး တက်ရောက်လာစဉ်ပြောကြားခဲ့သည်။
ထို့ပြင် ယနေ့လွှတ်တော်ကို မေးခွန်း ၅ ခု ၊ အဆို ၂ ခု နှင့် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။
မူရင်း- ပေါ်ပြူလာ
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်