Pages

Monday, 29 April 2013

ပြည်သူ့အသံ ဆိုပြီး မကြာခဏ တင်ပေးတတ်တဲ့ The Voice နဲ့ ကျော်မင်းဆွေ အတွက် ပြည်သူ့အသံစစ်စစ်များ



Htun Linn Oo အဲဒီ The Voice ဟာ ဒါမျိုးလုပ်တာ တခါမကတော့ပါဘူး။ အယ်ဒီတာအဖွဲ့ကိုယ်တိုင်က ဆရာဝန်တွေကို ပုဂ္ဂလိက နာကျည်းချက်ရှိတာ အတော်ပေါ်လွင်ပါတယ်။

Nyi Nyi Soe The Voice Weekly က စေတနာရှင်ကြီးနဲ့  အယ်ဒီတာကြီးများခင်များ။ ခင်များတို့  ရဲ့ ပြည်သူတွေ အတွက်ပါဆိုတဲ့ အပြောတွေ အရေးတွေ အကြံဥာဏ်တွေ တိုက်တွန်းချက်တွေ က တော်တော်လေးကောင်းပါတယ်။ တကယ်ကို ပြောတာပါ။ မြန်မာနိုင်ငံကြီးနဲ့  မြန်မာဆေးလောက ပိုမို တိုးတက်လာစေချင်တယ် ဆိုတာကိုလည်း ဝမ်းသာပါတယ်။ ဒါပေမယ့် စေတနာရှင်ကြီးရဲ့ စေတနာဆိုတာက အနှစ်မပါ ပညာသားမပါ ဥာဏ်မပါတဲ့ သူတစ်ပါးကို ချောက်ချရမှ ဒုက္ခရောက်အောင်လုပ်ပြီးမှ ဖြစ်လိုတဲ့ မလိုမုန်းတီးမှုတွေ ပြည့်နေတဲ့ အဆင့်မရှိ စေတနာဖြစ်နေတယ်။ သူပြောတာတွေက အများကြီးပေါ့ဗျာ။ ဆရာဝန်ကို ထောင်ချဖို့ အထိပါပါတယ်။ 
အဆိုးဆုံးကတော့ စေတနာရှင်ကြီးရဲ့ အသိုင်းအဝိုင်းထဲမှာ အထူးကုမဟုတ်တောင် MBBS ဘွဲ့ ရ တစ်ယောက်မှ မရှိလို့ ဆရာဝန်တစ်ယောက်ရဲ့ ဘဝကို နားမလည်ဘဲ ပြောတာလားတော့ မသိ။ MBBS ဘွဲ့ ရတာနဲ့ စပြီးအခွန်ဆောင်ရမယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ MBBS ရတာနဲ့ အစိုးရက လစာပေးနေတာ မဟုတ်ဘူးဗျ။
အစိုးရက ခန့် ထားတဲ့ အနိမ့်ဆုံးအဆင့် လက်ထောက်ဆရာဝန်ဆိုတာတောင် တစ်လကို ထောက်ပံ့ကြေး ပါမှ ၁၅၀၀၀၀ ပဲရတာ။ တစ်နှစ်ဆို ၁၈သိန်း၊ ဒါက ဝင်ငွေခွန်မဆောင်ရသေးဘူး။ စားစရိတ် နေစရိတ် သားမယားစရိတ် ကလေးပညာရေးစရိတ်တွေကရော ဘယ်ကရမှာလဲ။ မိဘတွေရော မထောက်ပံ့ရတော့ ဘူးလား။ တစ်နှစ်လုံးမှ ၁၈သိန်းရတာကို သိန်းတစ်ရာ အခွန်ဆောင်ရမယ်လို့  ဘယ်လိုအတွေး ဘယ်လိုဥာဏ် နဲ့  စဉ်းစားလိုက်မှန်းကို နားမလည်ဘူး။ သေသေချာချာ ဥာဏ်လေးယှဉ်ပြီး စဉ်းစားစေ လိုပါတယ် စေတနာရှင်ကြီးခင်များ။ ကိုယ်က လူတစ်ဖက်သားကို မုန်းတာ၊ မလိုတာ၊ မကျေနပ်တာ တွေနဲ့  အဲဒီလူကို နစ်နာအောင် လုပ်နေတာ၊ ဆရာဝန်နဲ့ လူနာတွေကြား အယုံအကြည်ပျက်ပြားအောင် ရန် တိုက်ပေးနေတာကို မြန်မာပြည်သူတွေအတွက် စေတနာနဲ့ ပါလို့ ခေါင်းစဉ်မတပ်လိုက်ပါနဲ့ ။ မြင်ရ ကြားရ တာ အော့နှလုံးနာလွန်းလို့ ပါ။ Media နဲ့  အယ်ဒီတာဆိုတဲ့သူတွေလည်း ဟို Ethic ဒီ Ethic တွေ လိုက်ထောက်နေ သလို ကိုယ်ကရော ကိုယ့် Ethic နဲ့  ကိုယ့်စည်းတွေကို ကိုယ်ကိုယ်တိုင်ရော သိကြသေးရဲ့လေး ဗျာ။

Myint Myint Nyein အောင်မယ်လေး သူငယ်ချင်းကြီးနေဝင်းမောင်ေ
ရ သေရွာကနေ ထကြည့်ပါဦး နင့် VOICE ကြီးထဲရေးတာ ငါတို့မြန်မာပြည်ကဆရာဝန်တွေ ကိုတပြားမှမတန်အောင်လဲလုပ်သေး အခွန်ကို သိန်း ၃၀၀၀ နှစ် ၃၀ စာတဲ့ တန်တန်ရာရာမရေးဘူး နင်ရှိရင်ဒီလိုထည့်မလား ပြောမလား ငါသိချင်လိုက်တာ

Tin Nilar Khaing dr နေ မရှိမှတော့ the voice လည်းဦးနှောက်မရှိတော့တာ တီချယ်


Hein Htet Zaw ဂျာနယ်အကွက်လွတ်တာနဲ. ဆရာဝန်ကြောင်းပဲတွေးနေမိကြသ
ကိုး။ ရေးတဲ.သူကိုလည်းတွေ့ဖူးချင်ပါသည်။ ခေါင်းလည်းခေါက်ကြည့်ချင်သည်။ စိတ်တိုလို့မဟုတ်ပါ။ super-resonance အသံကြားရမည်ဟုမျှော်မှန်းသောကြောင့်သာပါ။ ရှင်းရှင်းပြောပါရစေ။ ဦးနှောက်နှင့် ကလောင်ကိုင်ပါ။ editorလည်းညံ့ဖျင်းလှသည်ဟုပြောပါရစေ။ logical thinking ကင်းမဲ့လျှင် editor ဘ၀ကို စွန့်လွှတ်လိုက်ပါ။ 1 ခွန်းတည်းရှင်းရှင်းပြော ရင် တော်တော် ဦးနှောက်မရှိကြတာပဲ။

Kaung Nyunt သတင်းစာမှ မဟုတ်ဘဲ အတင်းစာ တွေ............. အတင်းလာချနေတယ်...

Linn Myat Aung ဆရာဝန်တွေကိုမနာလိုစိတ်ကတော
်တော်ကြောက်ဖို့ကောင်းတာပဲ
မစားရတဲ့အမဲ သဲနဲ့ပက်နေကြတာ သူတို့ဆရာဝန်မဖြစ်ရလို့လျှေ
ာက်ရေးနေတာ

Yone Ann Yeph မီဒီယာသမား‌တွေဖိနှိပ်‌ခံခဲ
့ရတုန်းက မီဒီယာသမားများဘက်‌မှရပ်‌တည်‌ခဲ့ဖူးသည်‌။ ခု‌တော့ လွတ်‌လပ်‌စွာ သိက္ခာချ‌စော်‌ကားလာ‌သောမီဒီယာများသာ တိုးပွားလာသည်‌။ မြန်‌မာနိုင်ငံသည်‌ ဒီမိုက‌ရေစီနှင့်‌လုံးလုံးမထိုက်‌တန်‌။

Nu Nu Swe မငြိမ်းရေ။ တို့ဖက်မှာ ဝှက်ဖဲတစ်ခုရှိတယ်။မီဒီယာတေ
ွ လူပါးမဝနိုင်အောင် ပြန်လုပ်ဖို့အချိန်တန်ပြီ။စောင့်ကြည့်ပါ။

Min Min ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံ
း The Voice ဂျာနယ်ကို လုံးဝ ဝယ်ယူအားပေးခြင်း မပြုသင့်တော့ပါကြောင်း

MrPhone Naing ဆရာနေ မရှိတဲ့ နောကိပ်ုင်း The Voice က အခြေအနေကျဆင်းလာတာ စိတ်ပျက်စရာပဲ....အရင်အရည်အ
သွေးကိုမမှီတော့ဘူး..


We Love True

2 comments:

  1. ခင် ဗျား တို့ကလဲဗျာ ဒီကျော်မင်းဆွေကြီးလောက်ပဲ ဖဲ့ နေကြတာပဲ
    သိပ်မလုပ်ကြပါနဲ့ ငို တော့ မယ်

    ReplyDelete
  2. လူဆိုတာအမှားမကင်းပါဘူး။ ဝိုင်းဝန်းနှိပ်ကွတ်ကြမည့်အစား ညှိနှိုင်းမှုတွေပြုကြပါစို့။ အရည်အချင်းမပြည့်ဝတဲ့ ဆရာဝန်တွေရဲ့ အမှားကြောင့်သေရတဲ့ လူတွေ ရိမ်းယိုင်ပျက်စီးခဲ့ရတဲ့မိသားစု ဘဝတွေ ၊ ဒါတွေကို ဘယ်ဆရာဝန် အသိုင်းအဝန်းကမှ မအော် မဖေါ်ကြပါဘူး။ လူနာကို လှည့်တောင်မကြည်ဘဲ တိရိစ္ဆာန်ကိုပဲ ကြည့်ပြီး အထုပ်ပိုက်ပြန်နေတဲ့ အထူးကုတွေရဲ့ လုပ်ရပ်တွေကိုလည်း ဖော်ထုတ်ကြပါဦး ဆေးပညာပဲတတ်တဲ့ ဆရာဝန်တို့ရေ။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်