အခု NLD လွှတ်တော်ထဲ ဝင်တာ တော်တော်ကြာပြီ။ အကျိုးဆက်က ရှင်းရှင်းလေးပဲ။ NLD လွှတ်တော် အမတ်တွေ လွှတ်တော်ထဲမှာ ဘာတွေလုပ်နေလဲ။ သူတို့ ရဲ့ Voting Record ခေါ်တဲ့ မဲပေးမှတ်တမ်းကို ကြည့်ကြည့်လိုက်။ အာဏာရပါတီက တင်လာတဲ့ အဆိုတွေကို ဘယ်နှခေါက် သူတို့ ဝေဖန်ဖူးလဲ။ တင်လာသမျှ အမြဲတမ်း ဝေဖန်စရာ မလိုဘူး။ တချို့ကိစ္စကို ကောင်းတာပါရင် လက်ခံပေါ့။ တချို့ကိစ္စတွေ က Modified လုပ်ပေါ့။ ပြုပြင် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တာရှိမယ်။ အချို့ကိစ္စတွေမှာ ဝေဖန်တာ ရှိမယ်။ တချို့ကိစ္စတွေမှာ ကိုယ်ပိုင်တင်တာ ရှိမယ်။ အချို့ကန့်ကွက်တာ ရှိရမယ်။
ဒါတွေ ဘာသွားတွေ့လဲ ဆိုတော့ အဖွဲ့အစည်းက လူပုဂ္ဂိုလ်ပေါ် သိပ်အားပြု လွန်းတဲ့အခါ ကျတော့ အဖွဲ့အစည်းက သူ့နေရာနဲ့သူ အားမကောင်းတော့ဘူး။
.jpg)
.jpg)