Pages

Monday, 12 May 2014

တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ


တပ်မတော်(ရေ)၏ ပထမဆုံး Torpedo Boat  ဖြစ်သော  မြန်နှုန်းမြင့် အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်တွင် ရေချခဲ့ကြောင်း သတင်းရရှိသည်။

အခြားနိုင်ငံမှ ရေငုပ် သင်္ဘောများ မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက တိုက်ဖျက်နိုင်ရန်အတွက် တပ်မတော် ရေ အင်ဂျင်နီယာများကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟုဆိုပြီး သင်္ဘောကိုယ်ထည်ကို အလူမီနီယံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။


Saturday, 21 September 2013

မြန်မာ့တပ်မတော်(ရေ)၏ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော Stealth Frigate များနှင့် အပေါ့စားကင်းလှဲ့ရေယဉ်များ



ဒီပုံက အများမျှော်လင့်နေတဲ့ Stealth Frigate စစ်ရေယာဉ် ကျန်စစ်သား (F-12) ပါ။ လွန်ခဲ့သော လအ တန် ကြာက ရိုက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော F-12 Frigate စစ်ရေယာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့သည်။ ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး (F-11) အပေါ်တွင် အခြေခံထားသည်ဟု ယူဆရသော်လည်း မတူနိုင်သည့်အချက်မှာ Stealth နည်းပညာကို ဆန်းသစ်တီထွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)၏ ပထမဆုံး Stealth နည်းပညာ အစပျိုးခြင်းဖြစ်၍ ပြီးပြည့်စုံမှု အားနည်းနိုင်သော်လည်း သိသာထင်ရှားသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။

Tuesday, 9 April 2013

မောင်းသူမဲ့ လေယာဉ်အား လေဆာဖြင့် ပစ်ချပြခဲ့သည့် အမေရိကန်ရေတပ်




ကြားလိုက်ရတာတော့ ခေတ်ရှေ့ပြေး သိပ္ပံရုပ်ရှင် ဆန်ဆန်ပါပဲ။ ဒါပေမယ့် လေဆာတွေဟာ အနာဂတ်ရဲ့ လက်နက်တွေဆိုတာ ငြင်းလို့ မရတော့ပါဘူး။ မောင်းသူမဲ့ လေယာဉ်တွေ (Drones) ဟာလည်း ထိုနည်း လည်းကောင်းပါပဲ။ ဒါဆိုရင် အနာဂတ်ရဲ့ အဓိက စစ်လက်နက်ပစ္စည်း ၂ ခုကို ထိပ်တိုက်တွေ့ပေးလိုက်ရင် ဘာဖြစ်လာမလဲ။ စိတ်မကောင်းစရာပါပဲ။ ယခု ပြိုင်ပွဲမှာတော့ drone ဟာ မရှုမလှ ရှုံးသွားရပါတယ်။


အမေရိကန်စစ်တပ်ဟာ လေဆာတွေကို စစ်လက်နက်အဖြစ် စမ်းသပ်နေတာ အချိန်အတန် ကြာနေပါပြီ ။ လေတပ် ကလည်း အနာဂတ်မှာ ယင်းတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲလေယာဉ်မှာ လေဆာ လက်နက်တွေ နဲ့ အစားထိုးဖို့ ရည်ရွယ်ထားသလို မောင်းသူမဲ့ လေယာဉ်တွေအတွက် လောင်စာအဖြစ်လည်း အသုံးပြုဖို့ စမ်းသပ်နေပါတယ်။ ဒါဆိုရင် ရေတပ်ကကော။


လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်