ဒေါင်းရန်နီ
(၁)
ကမ္ဘာဦးကစပြီး လူ့သမိုင်းဟာ ရိုင်းစိုင်းကြမ်းတမ်း ခက်ထန်တဲ့အဆင့်ကနေ တိုးတက်တဲူ့ယဉ်ကျေးမှု အဖြစ်ကို ပြောင်းလာတာမှန်ပေမယ့် ကြမ်းတမ်းတဲ့ လူ့စရိုက်၊ လူ့ဗီဇတွေက ကွက်ကွက်ပြီး ဟိုမှာ ဒီမှာ ရှိနေကြတုန်းပါပဲ။ အကြမ်းဖက် အစွန်းရောက်တွေ ၊ အသေခံ ဗုံးခွဲသူတွေ ၊ လည်ဖြတ်သတ်သူတွေ၊ မုဒိန်းကောင်တွေ ၊ ကမ္ဘာဦးလူရိုင်းတွေ အဖိုးခေါ်ရလောက်အောင် မိုက်တဲ့ ငမိုက်ကောင်တွေ၊ကမ္ဘာနေရာ အနှံသောင်းကျန်း စည်ပင်နေတုန်းပါပဲ။ကမ္ဘာလူကြမ်းကြီးတွေရဲ့ အမြင့်ဆုံး ဇာတ်ကြမ်း စစ်ပွဲကြီးကို လူ့သမိုင်းမှာ နှစ်ကြိမ်မှတ်တမ်း ထိုးခဲ့ပြီးပြီ။ ပထမ ကမ္ဘာစစ် ဇာတ်ကြမ်းစစ်ပွဲကြိး ပြီး တဲ့နောက် ကမ္ဘာငြိမ်းချမ်းရေးရဖို့ ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ဖို့ ကယ်တင်ရှင်နိုင်ငံပေါင်းချုပ် အသင်းကြီးပေါ်လာခဲ့တယ်။














