Pages

Monday, 29 April 2013

NLD တွေနဲ့ ဒေါ်စုကို ချစ်တဲ့သူတွေကို နည်းနည်းမေးချင်တယ်



NLD တွေနဲ့ ဒေါ်စုကို ချစ်တဲ့သူတွေကို နည်းနည်းမေးချင်တယ်နော် .. ဒီမေးခွန်းထဲမှာ အကြုံးဝင်သူတွေ ကတော့ အွန်လိုင်းပေါ်မှာ ပတ်ဆဲနေတဲ့သူတွေရယ်၊ မဆဲသော်လည်းအွန်လိုင်းပေါ်မှဒေါ်စုနဲ့ NLD ကိုထိ(ဝေဖန်လို့တောင်မရ၊ထောက်ပြလို့တောင်မရ)ရင် ဆတ်ဆတ်ထိမခံ ရန်လိုက်တွေ့နေသူတွေကိုပဲ ရည်ရွယ်ပါတယ် ..


ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်က ဘာများပါလဲခင်ဗျာ ?
ခင်ဗျားတို့ရဲ့ နိုင်ငံရေးခံယူချက်က ဘာများပါလဲခင်ဗျာ ?
ခင်ဗျားတို့ရဲ့ အမျိုးသားရေးခံယူချက်က ဘာများပါလဲခင်ဗျာ ?


ခင်ဗျားတို့တွေ NLD ပါတီထဲဝင်ရောက်လာတာဟာ(ပါတီဝင်တကယ်ဟုတ်၊မဟုတ်တော့မသိပါ)
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့၊ လေးစားလို့ သူလုပ်သမျှခေါင်းညိတ်ထောက်ခံမယ်ဆိုပြီး ၀င်
ရောက်လာတာလား ? ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားတွေအကျိုးကို
လက်တွဲပြီးသယ်ပိုးဖို့ NLD ပါတီထဲဝင်ရောက်လာတာလား ?


ခင်ဗျားတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့၊ လေးစားလို့ သူလုပ်သမျှခေါင်းညိတ်ထောက်ခ
မယ့် လူတွေ ဆိုရင်တော့ အဲ့ဒီ့လူစားမျိုးတွေကို ကျနော်ပြောစရာစကားမရှိတော့ပါဘူး ..ခင်ဗျားတို့ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားတွေအကျိုးကို လက်တွဲပြီးသယ်ပိုးမယ့် သူတွေဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူလက်တွဲပြီး နိုင်ငံနဲ့တိုင်းရင်းသားတွေအကျိုး ကို ပထမဦးစားပေး ကြည့်ကြပါ .. နိုင်ငံနဲ့တိုင်းရင်းသားတွေအတွက် အကျိုးဖြစ်ထွန်းမှုရှိ၊မရှိဆိုတာကို ပထမဦးစားပေး ကြည့်ကြပါ .. မိမိနိုင်ငံနဲ့မိမိတိုင်းရင်းသားတွေအတွက်အကျိုးမရှိတဲ့၊ အကျိုးယုတ်စေတဲ့ မည်သည့်အဆိုကိုမဆို လူပုဂ္ဂိုလ်စွဲမထားပဲ ကန့်ကွက်ထုတ်ဖေါ်တားမြစ်ရဲအောင်ကြိုးစားကြပါ .. အဲ့ဒီ့လိုစိတ်ဓါတ်မရှိသေးရင်တော့ ခင်ဗျားတို့ဟာ နိုင်ငံနဲ့လူမျိုးကိုမချစ်ပဲ၊ နိုင်ငံနဲ့လူမျိုးအတွက်အလုပ်မလုပ်ပဲ နိုင်ငံရေးသမားအယောင်ဆောင်ထားတဲ့ ၀င်ကစွပ်တွေလို့ပဲ သတ်မှတ်လိုက်ပါတယ် ..

( ဘင်္ဂလီတွေကို မဲများများရအောင် မှတ်ပုံတင်တွေထုတ်ပေးတာ ဘယ်သူလဲ ?
၈၈နဲ့ ၂၀၀၇ တုန်းက သံဃာတွေ၊ပြည်သူတွေကို သတ်တာ ဘယ်သူလဲ ?
လက်ပန်းတောင်းမှာ သံဃာတွေကိုမီးလောင်ဗုံးနဲ့ပ
စ်တာ ဘယ်သူလဲ ?
ရခိုင်အရေးဝင်ပြောရအောင် အာဏာကိုင်ထားတာ ဒေါ်စုလား ဦးသိန်းစိန်လား ? )

ဒါက ခင်ဗျားတို့လက်သုံးစကားလေးတွေ ကျနော်အမြဲမြင်တွေ့နေရလို့ အလွတ်ရနေတာပါ ..

ဟုတ်ကဲ့ခင်ဗျ .. အာဏာရှိမှလုပ်လို့ရမယ်၊လုပ်တတ်မယ်ဆိုရင် လွှတ်တော်အမတ်တွေ ၀န်ကြီးတွေ   နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေ အကုန်ရိုက်သတ်ပြီး သမ္မတတစ်ယောက်နဲ့ လက်နက်ကိုင် တပ်ဖွဲ့ကိုပဲ ထားတော့မှာပေါ့ခင်ဗျ .. အမတ်တွေ လွှတ်တော်တွေ နိုင်ငံရေးသမားတွေပါတီတွေ လိုမှမလိုတော့ပဲလေ .. အာဏာရမှလုပ်တတ်မယ်ဆိုရင် NLD တွေ လက်နက်ကိုင်ပြီး အာဏာသိမ်း ဖို့ကြိုးစားလိုက်ကြပါ .. အာဏာရမှလုပ်တတ်မယ်ဆိုရင်တော့ ကျနော်လဲလုပ်ပေးချင်ပါတယ် ကျနော့် ကိုလဲအာဏာပေးပါ ..

ကြံ့ဖွတ်ကမဲလိုချင်လို့ ဘင်္ဂလီတွေကို မှတ်ပုံတင်ထုတ်ပေးခဲ့တာဆိုရင် ခင်ဗျားတို့ပါတီက ကြံ့ဖွတ်
နဲ့အတိုက်အခံပဲလေ .. ကြံ့ဖွတ်နဲ့ဆန့်ကျင်ဘက် အရာကိုလုပ်ပြပြီး ကြံ့ဖွတ်ကိုအလဲထိုးလေ .. ကြံ့
ဖွတ်ထုတ်ပေးထားတဲ့ ဘင်္ဂလီတွေဆီက တရားမ၀င်မှတ်ပုံတင်တွေပြန်သိမ်းပြီး ကြံ့ဖွတ်ထဲကဘင်္ဂ
လီအမတ်တွေကို ထုတ်ပစ်နိုင်အောင်ကြိုးစားကြလေ .. ခင်ဗျားတို့ကပါ အားကျမခံ ၈၂ ဥပဒေကို
ပြင်ပြီး ဘင်္ဂလီတွေထပ်သွင်းပေးမလို့လား ?

စစ်အစိုးရက ၈၈နဲ့၂၀၀၇တုန်းက ဘုန်းကြီးတွေကိုသတ်ခဲ့တာ၊ ပြည်သူတွေကိုသတ်ခဲ့တာ ခင်ဗျား
တို့အမှတ်ရနေသေးတယ်ဆိုရင် လောလောလတ်လတ် ၂၀၁၃ မှာ မွတ်ဒေါင်းလို့တရားထဲထည့်
ဟောမိလို့ ဘုန်းကြီးကို ဆဲဆို(မဆဲတာတောင် ရိုင်းစိုင်းရင့်သီး) ပစ်မှားပြီး ဒီဘုန်းကြီးတစ်ပါးအ
ပြင် သူနဲ့ပက်သက်သမျှ(၉၆၉) ကိုပါ ရန်သူလိုသဘောထားနေကြတာကိုလဲ မေ့မပစ်လိုက်ပါနဲ့ ..
ဒီမိုကရေစီတဖွဖွရေရွတ်နေတဲ့ ခင်ဗျားတို့လက်ထဲအာဏာရောက်လာရင် ၈၈နဲ့၂၀၀၇တုန်းက
သံဃာတွေကိုသတ်ခဲ့တဲ့ စစ်အစိုးရလို ခင်ဗျားတို့မကျင့်သုံးပါဘူးလို့ ပြည်သူတွေဘယ်လိုယုံကြည်
ရမလဲ ? ခင်ဗျားတို့ကိုဝေဖန်ရင် သံဃာတောင်အလွတ်မပေးဘူးဆိုတာ အခုထဲက ဇာတိကပြနေ
ကြပြီလေ ..

နောက်ဆုံးတစ်ခုပြောမယ်ဗျာ .. ခင်ဗျားတို့က ကြံ့ဖွတ်ရဲ့အတိုက်အခံပါတီဆိုရင် ကြံ့ဖွတ်ရဲ့အား
နည်းချက်တွေ ကို အလဲထိုးပြပြီး ပြည်သူတွေပေးတဲ့သရဖူကိုဆောင်းကြပါ .. စစ်အစိုးရနဲ့ ကြံ့
ဖွတ်ကို မကျေနပ် တာတွေကို ပြည်သူတွေကိုလာမပြောပဲ လွှတ်တော်ထဲမှာပြောကြပါ .. ကြံ့ဖွတ်
နဲ့အစိုးရ ရဲ့ အမှားတွေ၊အပြစ်တွေကို ပြည်သူတွေကိုလာမပြောပဲ လွှတ်တော်ထဲမှာပြောကြပါ ..
ခင်ဗျားတို့ဟာ နိုင်ငံရေးအခွံတစ်ခုထဲဝင်ပြီးအရေခြုံထားတဲ့ ၀င်ကစွပ်ကောင်တွေ မဟုတ်ဘူးဆို
ရင် နိုင်ငံနဲ့တိုင်းရင်းသားလူမျိုးတွေအတွက် ရှေ့ရှုပြီးဦးစားပေးဆောင်ရွက်ကြပါ .. နိုင်ငံနဲ့လူမျိုး
အကျိုးယုတ်စေမယ့်အရာကို ရှေ့ဆုံးကမားမားမတ်မတ်ရပ်ပြီး တိုက်ဖျက်ဆန့်ကျင်ပေးနိုင်အောင်
ကြိုးစားကြပါ ..

ဟုတ်ကဲ့
ကျနော်ပြည်သူတစ်ယောက်ပါခင်ဗျ 




No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်