Pages
▼
Friday, 28 February 2014
ညအချိန် လယ်ကွင်း၌ KIA ဖမ်းဆီးခံရသော ဖြူဖြူချောချော မိန်းခလေး
ညအချိန်တွင် KIA ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး KIA ဖမ်းဆီးစဉ်အချိန်က ၂၃ နှစ်သာရှိသေးသောမြန် မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့၊ ဧရာဦးရပ် ကွက်နေ မအိအိရွှေ၊ အသက် (၂၅)နှစ် လက်ရှိ၊ အဘ-ဦးရဲရွှေ+အမိ-ဒေါ်မ၀ိုင်း၊ ၁/ဆဘန(နိုင်) ၀၀၁၆၀၆ ကို ဆင်ဘိုမြို့နှင့် (၈)မိုင်ဝေးသော (၈)မိုင် နန်ထွတ်လယ်ကွင်းတွင် (၁၀၊၁၁၊၂၀၁၁)ရက်နေ့ ည(၈)နာရီ ခန့်အချိန်က ဦးလှဝမ် ဦးဆောင်သော KIA စုဆောင်းရေးအဖွဲ့၏ စုဆောင်းဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
KIA ဖမ်းဆီးခံရစဉ်အချိန်က ၂၃ နှစ်သာရှိသေးသော ဖြူဖြူချောချော မအိအိရွှေ၏ ဖခင်ဖြစ်သူ ဦးရဲရွှေက "KIA အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်၊ မိသားစု ပြန်လည်ဆုံဆည်းခြင်းတာပါပဲ" ဟု ပြောဆိုပါတယ်။ သက်ရှိထင်ရှား ရှိနေသေး၊ မရှိနေသေးဆိုတာတော့ ကောင်းကောင်း ဆက်သွယ်လို့ မရသေးဘူးလို့လည်း ဦးလှရွှေက ပြောဆိုပါတယ်။
ရုပ်သံမေးမြန်းချက် အပြည့်အစုံကို ဦးရဲရွှေနှင့် တွေ့ဆုံမေးမြန်းထားတာပါတယ်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်