Pages

Monday, 26 November 2012

အုန်းမြင့် (မဟာဝိဇ္ဖာ) ရဲ့ " စစ်သည်များသို့ "

                                                                                 
" စိန်ခေါ်မှု Challenges တွေ၊ လုံခြုံမှုအကြပ်အတည်း ၊ Security Dilemma တွေကြားမှာ ရုတ်တရက် ပေါ်ပေါက်လာမယ့် အခွင့်အလမ်းတစ်ရပ်ကို အသုံးချပြီး Precise Decision တိကျတဲ့ သုံးသပ် ဆုံးဖြတ်ချက်တွေနဲ့ အင်းအားနည်းသည်၊ များသည် ၊ အားသာလွန်သည်၊ အားငယ်သည် မဟူ အနိုင်ယူတတ် တဲ့ "
နောင်တစ်ခေတ်၏ အောင်စစ်သည်"တွေ ဖြစ်စေချင်တာ ရင်ထဲမှာအပြည့် ၊ ခေါင်းထဲမှာ အချိန်ပြည့် စဉ်းစားဆောင်ရွက် ပေးနေတဲ့ တပ်မတော် ခေါင်းဆောင်ကြီးများရဲ့ စေတနာကို သားတို့ နားလည်မှာပါ။ "
" မြဲ (၃) မြဲနဲ့နေ ၊ ရဲ (၃) ရဲ နဲ့ တိုက် " ၊ ဆိုတဲ့ နိုင်ငံတော် အကြီးအကဲရဲ့ စကားဦးပေါ်တင်ပြီး မိုက်တယ်ပဲပြောပြော ၊ ကိုယ့်နိုင်ငံထိရင် မချိအောင် နာတတ်တဲ့သွေး မင်းတို့ တတွေ မွေးယူရမယ်။ သတ္တိဆိုတာ မွေးဖွားတည်ဆောက် ဖန်တီး ယူရစမြဲပါ။


" ဘယ်မှာလဲ ရန်သူ၊ တိတိကျကျ လက်ညှိုးညွှန်ပြလို့ မပြီးခင်မှာပဲ ပြိုကွဲသွား တဲ့ ပြည်ထောင်စု ကြီး ပြည်ထောင်စုငယ် ၊ နိုင်ငံ အသွယ်သွယ်ရဲ့ ဘ၀ကို တို့တတွေ သမိုင်းမတင်ရစ် မေ့ပြစ် ကြတော့ မှာလား။ "

" ခါးသီးတဲ့ ကမ္ဘာ့သမိုင်းထဲက ကျူးကျော် စော်ကားမှုရဲ့ အောက်မှာ တို့ဘိုး၊ ဘေးတွေ ပြားပြား ၀ပ်မှောက် ကျွန်သဘောက်ဖြစ်ခဲ့တာတွေ မေ့မနေကြဖို့ လိုတယ်။ "

" တပ်မတော်သားချင်း ရိုင်းပင်းရင်း တပ်တွင်း စည်းလုံးညီညွတ်မှုတွေ တည်ဆောက်နေသလို တို့ရဲ့ အမိအဖအရာမှာထားတဲ့ မိဘပြည်သူများရဲ့ အသည်းနှလုံးကို ရယူပိုင်ဆိုင်ဖို့ လိုပါတယ်။ ရေ နဲ့ ငါး အကြားမထင်သလို၊ ပြည်သူတွေ ရင်ထဲမှာ စွဲနေတဲ့ တိုင်းပြည် ကာကွယ်နေတဲ့ မျိုးချစ် စစ်သည် ၊ ပြည်ထောင်စုစစ်သည် ဖြစ်အောင် သားမောင်တို့ ကြိုးစား

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်