Pages
▼
Tuesday, 13 November 2012
ကုလားကို ကုလားလို့ခေါ်တာ မကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ
ဒေါ်စုခင်ဗျား ကုလားကို ကုလားလို့ခေါ်တာအခုမှမဟုတ်ပါဘူးခင်ဗျား၊ ရှေးပဝေသဏီကတည်း က ခေါ်ခဲ့ကြ တာပါ။ ပါးစပ်ရာဇ၀င်အရ ကြည့်ရင် ဒေါ်စုပြောတဲ့ အိန္ဒိယနွယ်ဖွားလား၊ ဘင်္ဂလားနွယ်ဖွားလား မသိတဲ့ အသားမဲမဲ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ ကျူးကျော်သူတွေက လှေတွေနဲ့ကူးလာတဲ့သူများဖြစ်ပါတယ်။ အသားမဲပြီး လက်ရှိ မြန်မာပြည်ဖွားနဲ့ မတူတဲ့သူတွေမို့ ကွဲပြားအောင် ကူးလာတဲ့သူတွေမို့ “ကူးလာတွေ ကူးလာတွေ” လို့သုံးနှုန်းရာကနေ ကာလရွေ့လျားလာလို့ ကူးလာကနေ ကုလား ဖြစ်သွားတာပါ။
နောက်ထပ်ဝင်လာပြန်တဲ့ အသားဖြူဖြူနဲ့ မြန်မာ မဟုတ်သူတွေကို “ကူးလာရုပ်နဲ့လည်းမတူဘူး၊ သူတို့ရုပ်တွေက တရုပ်”လို့ ပြောရင်းက Chineseတွေကို “တရုတ်” လို့ ခေါ်ခဲ့ကြတာ ယနေ့တိုင်ဖြစ်ပါတယ်။
ဒေါ်စုပြောသလို မိမဆုံးမ၊ ဖမဆုံးမလို့ သုံးနှုန်းနေတာ မဟုတ်ပါဘူး၊ ရှေးဘုရင်တွေ လက်ထက်ကထဲကို နယ်ချဲ့တွေကို ကုလားဖြူလို့ သုံးနှုန်းခဲ့တာ ဒေါ်စုရဲ့ ဖခင်အရင်း ဗိုလ်ချုပ်လက်ထက်အထိပါ။ ဒါဆိုရင် ဗိုလ်ချုပ်ကလည်း ဒေါ်စု စွပ်စွဲသလို ရိုင်းစိုင်းသူပဲလား။
နောက်ဒေါ်စုတစ်ခုစဉ်းစားပါ။ ကုလားတိုင်း အိန္ဒိယနွယ်ဖွား၊ မွတ်ဆလင်လူမျိုး(မွတ်ဆလင်ဆိုတာ ဘာသာပါ လူမျိုးအမည်မဟုတ်ပါ)တွေချည်းမဟုတ်ပါ။ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှား အများ ချည်းပါ၊ မြန်မာနိုင်ငံမှာကိုပဲ မွတ်ဆလင်၊ ဟိန္ဒူ၊ စတဲ့ ဘာသာကွဲ ကုလားများစွာရှိပါတယ်။ သူတို့ ကိုယ်တိုင် က ကုလားဆိုတဲ့ အခေါ်အဝေါ်ကို မဆန့်ကျင်ဘူးပါ၊ ယနေ့ထိ ကုလားဇာတ်ကားကို အိန္ဒိယဇာတ်ကားလို့ မသုံးနှုန်းပါ။ သူတို့ကိုယ်တိုင်က ကုလားကားလို့သာ နှစ်ခြိုက်စွာသုံးနေပါတယ်၊ (ဒေါ်စုကြောင့်တော့ မြန်မာ့ ဝေါဟာရတွေ မပြောင်းပါရစေနဲ့၊ ဥပမာ- ပဲကုလားဟင်း၊ ကုလားထိုင်၊ ကုလားတက်)
ဒေါ်စု ခင်ဗျား မြန်မာနိုင်ငံမှာနေရင် မြန်မာအကြောင်းသိအောင် အရင်ကြိုးစားပါ။ မြန်မာတွေဟာ မရိုင်းပါဘူး၊ ကမ္ဘာမှာတောင် အယဉ်ကျေးဆုံးတိုင်းပြည်လို့ အသိအမှတ်ပြုထားပါတယ်။ မြန်မာက ဘယ်လူမျိုးကိုမှ ရန်စ ကျူးကျော်တာ မရှိခဲ့ပါဘူး၊ မြန်မာကိုသာ အကြိမ်ကြိမ် ကျူးကျော်စော်ကားခဲ့တာ သမိုင်းမှာ ပြန်ကြည့်ပါလို့ ပြောလိုက်ပါရစေ။

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်