Pages

Friday, 12 April 2013

သင်္ကြန်လား? စည်းရုံးရေးလား? လုပ်စားတာလား?


သင်္ကြန်လား?  စည်းရုံးရေးလား?  လုပ်စားတာလား? ကျွန်တော်တို့ ဗိုလ်ချုပ်ကိုတော့ အဲ့လိုမလုပ်သင့်ဘူး လို့မြင်ပါတယ်.. ဗိုလ်ချုပ်ရဲ့ တန်ဖိုးကျသွားလိမ်မယ်.. ဗိုလ်ချုပ်ဟာ တစ်ဦး၊တစ်ဖွဲ့ရဲ့ ပြယုဒ်မဟုတ်ပါဘူး၊ တစ်မျိုးသားလုံးရဲ့ ပုံရိပ်ပါ..



မန္တလေး အောင်မြေသာစံမြို့နယ် NLD က ခွပ်ဒေါင်းမောင် သံချပ်အဖွဲ့ အမည်နဲ့ထွက်ရှိဖို့ သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ခဲ့ ပေမယ့် ခွင့်ပြုချက်မ ရလို့ အောင်စံမောင် အမည်နဲ့ ပြောင်းပြီး သင်္ကြန်အကြို မတိုင်ခင်တစ်ရက် ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကစပြီး မန္တလေးမြို့ ထဲကို ထွက်ခွာ လာပြီဖြစ်ပါတယ်။

 အောင်စံမောင် အဖွဲ့က အကအလှများနဲ့ သံချပ်များကို တိုင်သွားကြ မှာဖြစ်ပြီး ဒီကနေ့မှာ မဟာမုနိဘုရားကြီးကို ဦးတိုက်ပြီး မန္တလေးတောင် ဘိုးဘိုးကြီး နတ်နန်းကို သွားရောက်တိုက်တည်ကြတာပါ။

ပုဂံအွန်လိုင်းမီဒီယာ

သတင်းနဲ့ဓာတ်ပုံ - ချစ်ကို

1 comment:

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်